DVB Logo
Home
မြန်မာသတင်း
တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်လိုဟု အန်အာပီစီပြော
DVB
·
April 12, 2019
တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်လိုဟု အန်အာပီစီပြော
Donate to DVB

နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင်လိုတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည် ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

နေပြည်တော်မှာ ဧပြီ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ရှိရင်းစွဲ အခြေအနေတခုကနေ နောက်ထပ်အပြောင်းအလဲကို ဦးတည် လျှောက်လှမ်းတဲ့အခါ ခုခံမှုတွေ၊ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာစမြဲဖြစ်ပါတယ်။ အပြောင်းအလဲတွေကို ဖန်တီးကြတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ ခုခံမှုလို့ ရှုမြင်ပြီး အစုအဖွဲ့တခုရဲ့ အခက်အခဲကို အားလုံးက ၀ိုင်းဝန်းကူညီဖြေရှင်ပေးနိုင်ဖို့ ကြိုးစားအားထုတ်နိုင်မှပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ချောမွေ့အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံးစတင်လိုပါတယ်။ စတင်နိုင်ဖို့ ရှိနေတဲ့ အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းဖို့ ပူးပေါင်းဖြေရှင်းဖို့  အသင့်ရှိနေတာကို အလေးအနက်ပြောကြားလိုပါတယ်”

ကေအန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) အနေနဲ့ ငြိမ်းချမ်းရေးကို အန်စီအေ လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ သံန္နိဌာန်ချထားပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်နေတယ်လို့ မနေ့က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ ကေအန်ယူတို့ ဧပြီလကုန်ပိုင်းမှာ နောက်တကြိမ်တရားဝင်ဆွေးနွေးကြဦးမယ်လို့ မနေ့ကဆွေးနွေးပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၀ဖွဲ့တို့ရဲ့ တရားဝင်ဆွေးနွေးပွဲတွေ ရပ်တန့်နေတာ ၆လကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ- NRPC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013