DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော် ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုသည့် မြူးမြူးကြွကြွ အလန်းစားသင်္ကြန်သီချင်း (ရုပ်သံ)
DVB
·
April 12, 2019
နီနီခင်ဇော် ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုသည့် မြူးမြူးကြွကြွ အလန်းစားသင်္ကြန်သီချင်း (ရုပ်သံ)
Donate to DVB

“သင်္ကြန်အချိန်ကို ရောက်ပြီ… အတာရေသဘင်ပွဲဆီ… တန်ခူးလထဲက အခုရက် မှ… ရေပက်ကြဖို့ခေါ်… ဒီလိုဆို မင်းတက်… ဂျစ်ကားနဲ့ ခရီးဆက်… အခုနှစ်က သစ်ပြုန်း သွားလို့ အရင်တုန်းကထက်ပူ”

ဒါကတော့ ခပ်မြူးမြူး တေးသွားသံစဉ်တွေ၊ စည်းချက်တွေနဲ့ အသစ်ထွက်ရှိလာခဲ့တဲ့ နီနီခင်ဇော်ရဲ့ သင်္ကြန်သီချင်းတပုဒ်ဖြစ်ပြီး ထူးခြားတာကတော့ ဒီသီချင်းကို သူကိုယ်တိုင် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

“လာပြီ လာပြီ… လူတွေ လာပြီ… တပြည်လုံးပဲ တယောက်မကျန်ပျော်ပြီ… က လိုက်ပါလား… မြူးကြွသင်္ကြန်မှာ… ဟိုးရှေ့က မဏ္ဍပ်အပေါ် မင်းအဒေါ်… မင်းနဲ့ငါ့ကြား သူစိမ်းများ မဆန်ပါ… သိသိ မသိသိ ရေတွေရွှဲလို့နော်”

အလန်းစား စာသားတွေနဲ့ ခုန်ပေါက်မြူးကြွသွားစေမယ့် လမ်းပေါ်ပွဲတော်လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နီနီခင်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလို ရေးသားထားခဲ့တာပါ။

“summer for you album ထဲက နီနီကိုယ်တိုင် ရေးထားတဲ့ "လမ်းပေါ်ပွဲတော်" သီချင်းရဲ့ lyric video လေးပါ ... နီနီ့ ချစ်တဲ့ ပရိတ်သတ်ကြီးတွေ သင်္ကြန်မှာ ဘေးကင်းကင်းနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ ❤️”

သိပ်မကြာခင်မှာ ကျရောက်လာတော့မယ့် ရာသီစာ သင်္ကြန်သီချင်းတပုဒ်ဖြစ်တဲ့ ဒီသီချင်းဟာ အွန်လိုင်းပေါ်မှာတော့ နာမည်ကြီးနေခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ၊ ပြန်လည်မျှဝေသူတွေ များစွာရှိနေခဲ့တာပါ။

နီနီခင်ဇော်ဟာ The Best of Melody World 2018 သီချင်းဆိုပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့ပြီးနောက်မှာ ဂီတလောကထဲကို ခြေချခဲ့တာဖြစ်ပြီး တကိုယ်တော် တေးအယ်လ်ဘမ်တွေမှာရော၊ အတွဲခွေပေါင်း များစွာမှာပါ သီဆိုအောင်မြင်နေတဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အဆိုတော် Rဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်တို့နဲ့အတူ ဒိုင်တဦးအဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013