DVB Logo
Home
မြန်မာသတင်း
ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌနှင့် တဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
DVB
·
April 11, 2019
ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌနှင့် တဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
Donate to DVB

မတရားအသင်းဆက်သွယ်မှုနဲ့  ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌနဲ့ တဦးကို တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဒီကနေ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တရားရုံးမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ အဖမ်းခံထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနဲ့ ကိုမောင်ဦးတို့ကို ဒီနေ့ ညနေ ၄ နာရီက ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တာဖြစ်ပြီး  ကားသမား ကိုမောင်ကိန်းကတော့ တရားသေ လွတ်မြောက်သွားတယ်လို့ အကျိုးဆောင် ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။

ကိုအောင်ဆွေဦးတို့ သုံးဦးဟာ ၂၀၁၈ နိုဝင်ဘာ ၃ ရက်ညမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ချုပ်ရက်၎လကျော်ကို ထုတ်နုတ်ခံစား ကျခံစေလို့ တရားသူကြီးဦးဇော်လင်းထွန်က ချမှတ်ခဲ့တာပါ။

ကိုအောင်ဆွေဦး မိသားစုဝင်တွေကတော့ ဒီလိုတရားစီရင်ချက်ချမှတ်တဲ့အပေါ် မိခင်ဖြစ်သူကို ဘယ်လိုအသိပေးရမလဲမသိဘူး လို့ ပြောဆိုခဲ့ပါတယ်။

ရှေ့နေကတော့ ဒီစီရင်ချက်နဲ့ပတ်သက်ပြီး အယူခံတက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့နောက်ဆုံး ၁၈ ကြိမ်မြောက်ရုံးချိန်းကို ABSDF အဖွဲ့ဝင်ဟောင်းတွေနဲ့ လူပေါင်း ၃၀ ကျော် လာရောက်ဝန်းရံခဲ့ပါတယ်။

ABSDF ဒုဥက္ကဋ္ဌ အပါအ၀င်  ၃ ဦးကို မိုးညှင်းမြို့နေ ရဲဘော်တဦးရဲ့ နာရေးကိစ္စနဲ့ လာရောက်စဉ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ညမှာ ဖမ်းဆီးခံရပြီး မတရားသင်းဆက်သွယ်မှုနဲ့ တရားဆွဲခဲ့တာပါ။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013