DVB Logo
Home
Lead Story
အကယ်ဒမီဆုရှင် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် ‘ဘယ်ညာဘယ်ညာ’ ရုပ်ရှင်(နမူနာ)
DVB
·
April 11, 2019
အကယ်ဒမီဆုရှင် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် ‘ဘယ်ညာဘယ်ညာ’ ရုပ်ရှင်(နမူနာ)
Donate to DVB

ပရိသတ်ကြိုက် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ဖွေးဖွေး တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ဘယ်ညာဘယ်ညာ ရုပ်ရှင်ကားကို လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ လွင်မင်းအံ့က ဇာတ်ညွှန်းခွဲပေးထားခဲ့ကာ ဒါရိုက်တာ ၀ိုင်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ် ပါတယ်။

ရုပ်ရှင်ရဲ့ အညွှန်းမှာတော့ လက်တွေ့ကျတဲ့ ဘဝတွေကို ဖြတ်သန်းရင်း ဘဝမှာ လဲပြိုကျ သွားရင် ပြန်ထနိုင်အောင် ခွန်အားတွေပေးမယ့် ဘယ်ညာ....ဘယ်ညာ...လို့ ရည်ညွှန်းထားခဲ့ပြီး ခုလိုဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

“လူတစ်ယောက်ရဲ့ ဦးနှောက်မှာ ဘယ်ဘက် နဲ့ ညာဘက်ဆိုပြီးရှိပါတယ်… ဘယ် ဘက်ကတော့ လက်တွေ့ဆန်တယ်… ညာဘက်ကတော့ စိတ်ခံစားမှုတွေ အနုပညာ စိတ်ကူးစိတ်သန်းတွေဖန်တီးပါတယ်… စိတ်ခံစားမှုနှင့် လက်တွေ့ဆန်တဲ့ ဘ၀တွေကို ဘယ်ညာဘယ်ညာရုပ်ရှင်ဇာတ်ကားကြီးမှာ အပြည့်အ၀မြင်တွေ့ရမယ်နော်”

ဒီကားထဲမှာတော့ မြင့်မြတ်၊ ဖွေးဖွေးတို့နဲ့အတူ ဇင်ဝိုင်း၊ နှိုင်းယှဉ်မြင့်မိုရ်နဲ့ တခြား သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

ဝိုင်းနဲ့ ဖွေးဖွေးအတွဲဟာ ကျမက နှင်းဆီပါမောင်၊ လက်ပံ၊ ရွှေကြာစတဲ့ နာမည်ကြီး ရုပ်ရှင်ကားပေါင်းများစွာမှာ အတူပူးပေါင်းရိုက်ကူးခဲ့ကြပြီး အကယ်ဒမီဆုတွေလည်း ရရှိခဲ့ ကြဖူးပါတယ်။

မနှစ်က ရွေးချယ်ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ရွှေကြာ ရုပ်ရှင်ကားနဲ့ ၀ိုင်းက ဇာတ်ညွှန်းအကယ်ဒမီဆု၊ ဖွေးဖွေးက အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိထားခဲ့တာပါ။

ခုရုံတင်မယ့် ဘယ်ညာဘယ်ညာရုပ်ရှင်ကားထဲမှာရော သူတို့ဘယ်လိုပီပီပြင်ပြင် သရုပ်ဆောင် ထားကြမလဲ၊ ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကမှ ဖေ့စ်ဘွတ်ခ်မှာ မျှဝေထားခဲ့တဲ့ ဘယ်ညာဘယ်ညာ ရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013