DVB Logo
Home
မြန်မာသတင်း
ရဲလုံခြုံရေး မိသားစုဝင် ၇ ဦးကို အေအေဖမ်းဆီး၊ မသင်္ကာဖွယ် ၂၃ ဦးကို တပ်မတော်ဖမ်းဆီး
DVB
·
April 11, 2019
ရဲလုံခြုံရေး မိသားစုဝင် ၇ ဦးကို အေအေဖမ်းဆီး၊ မသင်္ကာဖွယ် ၂၃ ဦးကို တပ်မတော်ဖမ်းဆီး
1 / 13
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ် အိမ်ထောင်သည် လိုင်းခန်းရှိ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၇ ဦးကို ရက္ခိုင့်တပ်မတော် (အေအေ) က ဖမ်းဆီးသွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဧပြီ ၉ ရက် ည ၁၀ နာရီခွဲလောက်က အေအေအဖွဲ့ဝင် အင်အား ၂၀၀ လောက်က  အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့  ပင်မဌာနချုပ်ရဲ့ အရေးကြီး နေရာတွေ ကျဆုံးမှုမရှိဘဲ အိမ်ထောင်သည်လိုင်းခန်း အထိသာ ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ဦးကျဆုံးပြီး ၇ ဦးပျောက်ဆုံးကာ မိသားစုဝင် ဇနီးတဦးကို ပစ်ခတ်သတ်ခံခဲ့ရသလို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး ၃ ဦး၊ မိခင် တဦး၊ ယောက်ျားလေး တဦးနဲ့ မိန်းကလေးငယ် ၂ ဦးတို့ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရဲဇာနည် သတင်းမှာ ဖော်ပြပါတယ်။

အေအေတပ်ဖွဲ့တွေကို ရဲတပ်ရင်းဌာနချုပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော် စစ်ကြောင်း တွေက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူရယူ ပြန်လည်တိုက်ခိုက်ရာမှာ အေအေ တပ်ဖွဲ့တွေဟာ မနက် ၅ နာရီခွဲလောက်မှာ  ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ပါတယ်။

ဆုတ်ခွာသွားတဲ့ အေအေတပ်ဖွဲ့တွေကို တပ်မတော် စစ်ကြောင်းတွေက လိုက်လံ တိုက်ခိုက်ရာမှာ မနေ့ မွန်းလွဲ ၁ နာရီလောက်က ရန်ကုန်-စစ်တွေပြည်ထောင်စု ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီး အရပ်ဝတ် အေအေအဖွဲ့နဲ့  ၂ နာရီလောက်ကြာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အေအေ တပ်ဖွဲ့တွေက လက္ကာကျေးရွာထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်စစ်ကြောင်းက ရွာထဲ လိုက်လံရှင်းလင်းရာမှာ ရွာသားတွေနဲ့ ရောနှော တပ်ဖျောက်ထားတဲ့  ရွာခံမဟုတ်တဲ့ မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို အရှင်ဖော်ထုတ် ဖမ်းဆီး ရမိခဲ့တဲ့အကြောင်းနဲ့ ဖမ်းမိထားသူတွေဟာ အေအေအဖွဲ့မှ  သာထွန်းစံ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၃၅ ဦး ပါအဖွဲ့က သိန်းထွန်းစိန်ပါ ၁၃ ဦး၊ စိစစ်ဆဲ ၁၀ ဦး၊ ပေါင်း ၂၃ ဦးဖြစ်ကြောင်း သိမ်းဆည်းရမိခဲ့တဲ့ ဖွဲ့စည်းပုံ စာရွက်စာတမ်းတွေအရ သိရှိရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြောက်​ဦးပြည်​နယ်​လွှတ်​​တော်​အမတ်​​ ​ဦးထွန်းသာစိန်​ကတော့ လက္ကာကျေးရွာမှာ ဖမ်းဆီး ခံရသူ ၂၇ ဦး ရှိပြီး အေအေ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ သာမှန်​အရပ်​သားပြည်​သူတွေသာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"လက္ကာ​ကျေးရွာက ၁၉ ဦးပါပါတယ်​။ ​နောက်​​ ကျေးရွာ​တွေက ၈ ဦးပါတယ်​။ လက္ကာကျေးရွာက ၁၉ ဦးက သာမန်​အရပ်​သူ အရပ်​သား​တွေဆိုတာ ​မြောက်​ဦး အမတ်​တဦး အ​နေနဲ့ ​လေ့လာသိရှိရတယ်​။ နောက်​​ကျေးရွာက လူ​တွေကို​တော့ မ​ပြောတတ်​ဘူး။ အိမ်​လုပ်​ဖို့ ရောက်​​နေကြတဲ့ လက်​သမားအဖွဲ့တွေလို့ သိရတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး လက္ကာကျေးရွာ အုပ်​ချုပ်​​ရေးမှူး ​အောင်​သန့်​မြင်​က "မ​နေ့က ဖမ်းဆီး တဲ့ ပုံစံက​တော့ အေအေအဖွဲ့က လက္ကာရွာကို ၀င်​​ပြေးသွားတယ်​ဆိုပြီး​တော့ လာ​ရောက်​စစ်​​ဆေး ပါတယ်​။ ယောက်ျားတွေကို အင်္ကျီတွေချွတ်​ခိုင်းပြီး ဒဏ်​ရာ​တွေရှိမရှိစစ်​ပါတယ်​။ သူတို့က သာမန်​ အရပ်​သား​တွေဆို​တော့ ဘာဒဏ်​ရာမှလည်းမရှိပါ။ အေ​အေ အဖွဲနဲ့လည်း ဆက်​သွယ်​မှုမရှိပါ။ ရွာက လူငယ်​​တွေမှာ ဘုရား​ရေပ္ပယ်​ဖို့နဲ့ ပရဟိတလုပ်​ငန်း​တွေလုပ်​ဖို့ ဖွဲ့စည်းထားတဲ့ စာရွက်​ကို တွေ့​တော့  ​အေ​အေကဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုပြီး ​တပ်​က​စွပ်​စွဲပြောပါတယ်​။ ကျနော်က ပြန်ပြောပါ တယ်။ ဒီစာရွက်​က လူငယ်​​တွေ ပရဟိတရပ်​၀န်းနဲ့ သင်္ကြန်​တွင်း ဘုရား​ရေပ္ပယ်​​​ဖို့ ကောက်​ယူထားတဲ့ စာရင်းသာဖြစ်​တယ်​။ ဒီက​လေး​တွေက ရိုးရိုးသား​နေထိုင်​​နေကြတဲ့ သူ​တွေ ဖြစ်​တယ်​လို့​ပြောပါတယ်​။ သူတို့ အိမ်​​တွေကို လိုက်​ပြီးရှာ​ဖွေမယ်၊ ​သေနတ်​​တွေရှိနိုင်​တယ်​လို့ ​တပ်​ကပြောပါတယ်။ ကျနော်က ​ ပြန်​​​ပြောပြပါတယ်​။ နေအိမ်​​တွေကို စိတ်​ကြိုက်​ရှာ​ ဖွေနိုင်ပါ တယ်။ ​ ရပ်​မိရပ်​ဖ​တွေနဲ့  လိုက်​ကြည့် ပေးမယ်​လို့​ပြောပါတယ်​။ သူတို့က​တော ရှာ​ဖွေမူ​တွေ မလုပ်​ခဲ့ပါဘူး။ ​အေ​အေနဲ့ ပတ်​သတ်​​နေတယ်​ဆိုတဲ့ အ​ထောက်​အထားဘာမှ မရပဲ ဖမ်းဆီးသွား တာသာ ဖြစ်​ပါတယ်​"လို့​ပြောပါတယ်​။

ဖမ်းဆီးခံရသူတွေထဲမှာ ပလက်​၀မှ ​​မြောက်​ဦး KBZ ဘဏ်​မှာ ငွေလာထုတ်​ရာမှာ ငွေထုတ်​လို့ မရ​သေးတဲ့အတွက်​ လက္ကာ​ကျေးရွာရှိ အသိအိမ်​မှာ တည်းခို​နေသူ တဦးနဲ့  အိမ်​ဆောက်ဖို့လာတဲ့ လက်​သမားအဖွဲ့ဝင် မာင်​​ရွှေကံ​ကျေးရွာက ၁ ဦး အုတ်​ဖိုကံ​ကျေးရွာက ၁ ဦး၊ ခွဆုံ​ကျေးရွာက ၁ ဦး၊ ယွန်း​ချောင်းရွာက ၁ ဦး၊ တိမ်​ညိုရွာက  ၁ ဦး၊ ပြိုင်းချရွာက ၁ ဦး၊ ရွှေကျင်​ပြင်​ရွာက ၁ ဦးနဲ့ လက္ကာ​ ကျေးရွာက ၁၉ ဦးတို့ ဖြစ်ကြပါတယ်။

အခုဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်​ပြည်​နယ်​တည်​ငြိမ်​​အေးချမ်း​ရေး အ​ထောက်​အကူပြု​ ကော်​မတီနဲ့ ရခိုင်​ပြည်​နယ်​ ၀န်​ကြီးချုပ်​ထံကိုလည်း တင်​ပြထားတယ်လို့ သိရပါတယ်​။

အခုဖမ်းဆီးခံရသူတွေဟာ သာမန်​လက်​လုပ်​လက်​စား ပြည်​သူတွေသာ ဖြစ်​တယ်​ဆိုတာ ကို မိသားစုဝင်​​တွေလက်​မှတ်​​ရေးထိုးပြီး ရခိုင်​ပြည်​နယ်​တည်​ငြိမ်​​အေးချမ်း​ရေး အ​ထောက်​အကူပြု​ ကော်​မတီ ဥက္ကဋ္ဌနဲ့ ပြည်နယ်လွှတ်တော်ကို လိပ်​မူပြီးစာ​ပေးပို့ဖို့ လုပ်​​ဆောင်​​နေပါတယ်​လို့  မြောက်ဦးလွှတ်တော်အမတ် ​ဦးထွန်းသာစိန်​​က ပြောပါတယ်​။

သတင်း-ဗညား

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013