DVB Logo
Home
မြန်မာသတင်း
အိချောပိုကို ရေသူမလေးအဖြစ် ရှုစားကြရမည့် ဒဏ္ဍာရီပင်လယ်ရုပ်ရှင် ရိုက်ကူးမည်
DVB
·
April 11, 2019
အိချောပိုကို ရေသူမလေးအဖြစ် ရှုစားကြရမည့် ဒဏ္ဍာရီပင်လယ်ရုပ်ရှင် ရိုက်ကူးမည်
1 / 7
Donate to DVB

သရုပ်ဆောင်မင်းသမီး အိချောပိုကို ရေသူမလေးအဖြစ် ရှုစားကြရမယ့် ရုပ်ရှင်ကား တကားကို အခုလကုန်မှာ ရိုက်ကူးဖို့ ရှိနေတယ်လို့ သရုပ်ဆောင် ဒါရိုက်တာ ကျော်သူက ဆိုပါတယ်။

    ဒီကားကိုတော့ သူကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးသွားမှာဖြစ်ပြီး သမီးမြတ် ကျော်ရဲ့ ဇာတ်ညွှန်းကို ၀သုနြေ္ဒ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရေးသားထားခဲ့တာပါ။

    ဒီရုပ်ရှင်ကားထဲမှာတော့ အိချောပိုနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင်တို့က ပါဝင်ကြမှာ ဖြစ်ပါတယ်။

    လတ်တလောမှာတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ကောင်ရဲ့ ၀တ်စားဆင်ယင်မှု ဒီဇိုင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ကမ်းခြေတခုခုမှာ ရိုက်ကူးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013