DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် အန်အာပီစီတွေ့ဆုံဆွေးနွေး၊ အန်စီအေ လမ်းအတိုင်းဆက်သွားနေဟုဆို
DVB
·
April 11, 2019
ကေအန်ယူနှင့် အန်အာပီစီတွေ့ဆုံဆွေးနွေး၊ အန်စီအေ လမ်းအတိုင်းဆက်သွားနေဟုဆို
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) အနေနဲ့ ငြိမ်းချမ်းရေးကို အန်စီအေ လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ သံန္နိဌာန်ချထားပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်နေတယ်လို ကေအန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၁၁ ရက်မနက်က  နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (အန်အာပီစီ)နဲ့ ကေအန်ယူတို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးယဉ်ကျေးမှုအသစ်တရပ်အနေနဲ့ အချင်းချင်းအပြန်အလှန် အသိအမှတ်ပြုမှု၊ တူညီတဲ့နားလည်မှုနဲ့ ရှေ့ဆက်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လို သွားသင့်သလဲဆိုတာကို ဒီနေ့မှာ ဆွေးနွေးသွားကြမယ်လို့လည်း ပဒိုစောတာဒိုမူးက အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။

အစိုးရနဲ့ ကေအန်ယူတို့ကြား ဒီနှစ်ထဲ အလွတ်သဘောဆွေးနွေးပွဲတွေ ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြပြီးတဲ့နောက် ဒီနေ့မှာ နှစ်ဘက် တရားဝင်တွေ့ဆုံဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

နှစ်ဘက်တရားဝင်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်တက်ရောက်ပြီး ကေအန်ယူဘက်က အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဘက်အတွင်းရေးမှူး-၂ ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောဆဲဂေ၊ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်များဖြစ်တဲ့ ဗိုလ်မှူးချုပ် စောတာမလာသောနဲ့ ဗိုလ်မှူးစာတာမူလာတို့ ပါဝင်တက်ရောက်ပါတယ်။

အန်စီအေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရးတပ်ဖွဲ့ ၁၀ခုတို့နဲ့ အစိုးရတို့ရဲ့ တရားဝင်ဆွေးနွေးပွဲတွေ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ရပ်ဆိုင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013