DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် ယာဉ်ထိန်းအင်အား ၁၀၀၀ ကျော် ချထားမည်
DVB
·
April 11, 2019
သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် ယာဉ်ထိန်းအင်အား ၁၀၀၀ ကျော် ချထားမည်
Donate to DVB

လာမယ့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ထဲမှာ ယာဉ်ထိန်းအင်အား ၁၀၀၀ ကျော် ချထားဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။

သင်္ကြန်ကာလအတွင်း အဓိကလူစည်ကားရာနေရာတွေ လမ်းဆုံလမ်းခွတွေနဲ့ ရေကစားမဏ္ဍပ်တွေရှိတဲ့နေရမှာ ယာဉ်ထိန်းအင်အားကို တိုးမြှင့်ချထားမှာပါ။

ရေကစားမဏ္ဍပ်တွေရှိတဲ့နေရာမှာပဲ ယာဉ်ထိန်းအင်အားကို ၂၈၆ ယောက်ချထားပြီး တမြို့လုံးအတိုင်းအတာနဲ့ ယာဉ်ထိန်းအင်အား ၁၀၀၂ ဦး ချထားဆောင်ရွက်မယ်လို့  ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးက ရဲမှူးမျိုးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်ပွဲတော်ကာလမှာ လမ်းလျှောက်သင်္ကြန်ပြုလုပ်မယ့် နေရာတွေမှာ လမ်းပိတ် လမ်းလွှဲနဲ့ တလမ်းမောင်းဆောင်ရွက်မယ့်နေရာတွေကို ကြိုတင်အသိပေးထားပါတယ်။

ရန်ကုန်မြို့တွင်းမှာ သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၃၃ ခုခွင့်ပြုထားပြီး လမ်းလျှောက်သင်္ကြန်ကို ကမာရွတ်အင်းယားလမ်း၊ မြကျွန်းသာ ကန်တော်ကြီးပန်းခြံ၊ မဟာဗန္ဓုလပန်းခြံနဲ့ ဦးဥတ္တမပန်းခြံတို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013