DVB Logo
Home
မြန်မာသတင်း
သန်လျင်မြို့တွင် အမှိုက်ပုံထဲက ပိုင်ရှင်မဲ့ ကျည်ဆန်တောင့်များတွေ့ရှိ  
DVB
·
April 10, 2019
သန်လျင်မြို့တွင် အမှိုက်ပုံထဲက ပိုင်ရှင်မဲ့ ကျည်ဆန်တောင့်များတွေ့ရှိ  
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ မနေ့ညနေပိုင်းက အမှိုက်ပုံကနေ ကျည်ဆန်အတောင့် ၅၀ ကျော်နဲ့ ကျည်အိမ်တွေ ကောက်ရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ ရက် ညနေ ၃ နာရီအချိန်က သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက် 7 Star ဟိုတယ်ရှေ့ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးအမှိုက်ပုံမှာ မောင်ပြည့်ဖြိုးမောင်က အမှိုက်တွေ ကောက်နေတုန်း ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ကာဘိုင်ကျည်ဆန် အတောင့် ၅၀၊ ပစ္စတိုကျည်ဆန် ၅ တောင့်၊  ပစ္စတိုကျည်အိမ် ၁ ခု၊ ကျည်ကပ် ၅ ခု တို့ကို တွေ့ခဲ့ရပါတယ်။

ခလရ ၁၄၆ က ဗိုလ်ကြီး အောင်ဝေဖြိုးနဲ့ သန်လျင်မြို့မရဲစခန်းက ရဲအုပ် တင်လင်းအောင်ဦးစီးတဲ့ အဖွဲ့က သွားရောက် စစ်ဆေးကာ သန်လျင်မြို့မရဲစခန်းမှာ လတ်တလော သိမ်းဆည်းထားပြီး ကျည်ဆန်နဲ့ ပစ္စည်းတွေအားလုံး အကောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

တွေ့ရှိတဲ့ ကျည်ဆန်တွေကို အမှတ် ၁ စစ်လက်နက်ပစ္စည်းတပ်ရင်း(အင်းတိုင်) လှည်းကူးမြို့ကို အပ်နှံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- MOH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013