DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ၄၀၀ ကျော် ပျက်စီး
DVB
·
April 10, 2019
စစ်ကိုင်းတိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ၄၀၀ ကျော် ပျက်စီး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်တွေမှာ  ဧပြီ ၈ ရက်က မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့လို့ လူနေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကနီ၊ ကျွန်းလှ၊ ယင်းမာပင်၊ တန့်ဆည်၊ မော်လိုက်၊ ကသာ၊ ကန့်ဘလူနဲ့  ကောလင်းမြို့နယ်တို့မှာ လေပြင်းကြောင့် နေအိမ် ၄၀၀ လုံးခန့်၊ ဘာသာရေး အဆောက်အဦ ၇ လုံး ပျက်စီးခဲ့တာလို့ လူကယ်ပြန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ ဘေးသင့် နေရာတွေကို သွားရောက်ပြီး ငွေသားနဲ့ ပစ္စည်းစုစုပေါင်း ကျပ် ၂၃ သိန်းကျော် ထောက်ပံ့ ပေးခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့ မတ်လနဲ့ ဧပြီလအတွင်း နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက် လာပြီး လေပြင်းတိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းတာ၊ မိုးသီးကြွေ တာတွေ ဖြစ်ပွားတတ်လို့  အထူးသတိပြု နေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်ရင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာ Hot-line ဖုန်းတွေဖြစ်တဲ့ ၀၆၇-၃၄၀၄၆၆၆ ၊ ၀၆၇-၃၄၀၄၇၇၇ တို့ကို  ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါတယ်။

ဓာတ်ပုံ-MRN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013