DVB Logo
Home
မြန်မာသတင်း
မြောက်ဦး ရဲတပ်ရင်း အိမ်ထောင်သည်လိုင်းခန်းကို အေအေအဖွဲ့ တိုက်ခိုက်
DVB
·
April 10, 2019
မြောက်ဦး ရဲတပ်ရင်း အိမ်ထောင်သည်လိုင်းခန်းကို အေအေအဖွဲ့ တိုက်ခိုက်
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရဲတပ်ရင်းဌာနချုပ်​ အိမ်​​ထောင်​သည်​လိုင်းခန်းကို ဧပြီလ ၉ ရက် ညက  ရက္ခိုင့်တပ်မတော် (​အေ​အေ) အဖွဲ့က လာရောက်​တိုက်​ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်​ပြု​ပြောပါတယ်​။

"မ​နေ့က ည ၁၀ နာရီ ၁၀ မိနစ်​ ​လောက်​မှာ မြောက်ဦးမြို့ပေါ်က ရဲတပ်ရင်းဌာနချုပ်​ တခုရဲ့ အိမ်​​ထောင်​သည်​လိုင်းခန်း​တွေကို အေအေက ​နေရာသုံး​နေရာက​နေ တို​က်​ခိုက်​လာတယ်​။ မနက်​ ၂ နာရီ​လောက်​မှာ အင်​အားဖြည့်ပြီး ထပ်တိုက်​ခိုက်​ခဲ့တယ်​။ မနက်​ ၅ နာရီ​လောက်​မှာ ​​အေအေအဖွဲ့က ပြန်​ဆုတ်​သွားတယ်​။ အေအေအဖွဲ့ အ​လောင်းအချိုနဲ့ လက်​နက်​​တွေကို လည်း ဖမ်းဆီးရမိတယ်​။ ကျနော်​တို့ဘက်​က ကျဆုံးတာရှိတယ်​။”

ရဲမေတချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ တပ်မတော် ဘက်ကပြောပါတယ်။

“အခု ရဲမေ တ​ချို့အဖမ်းဆီးခံရတာရှိတယ်​လို့ ကြားတယ်​။ အတည်​​တော့ မပြုနိုင်​​သေးဘူး။ ကျဆုံးမှု အတိအကျကို သတင်းထုတ်​ပြန်​သွားမှာဖြစ်​တယ်​။ ​အေ​အေ ဘက်​ကလည်း အ​တော်​များများ ကျဆုံးတာရှိတယ်။ ပစ်​ကူသ​ဘောအရ ​လေ​ကြောင်းက တိုက်ခိုက်​တာရှိတယ်​" လို့​ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်​။

အခုတိုက်​ခိုက်​မှုကြောင့် ​မြောက်​ဦးမြို့ ချောင်းသစ်ကျေးရွာက ဒေါ်လှနုအသက် (၂၅ နှစ်)နဲ့ သူမရဲ့ ကလေးငယ် မမြတ်အေးခင်တို့မှာလည်း ဒဏ်ရာရရှိသွားပါတယ်။

မနေ့ ည ၁၀ နာရီလောက်က သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီးနောက် နေအိမ်မှာ မလုံခြုံတဲ့အတွက် ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ လာရောက်ခိုလှုံနေစဉ် ကျည်ဆန် ရှပ်ထိမှန်ခဲ့တာဖြစ်ပြီး မြောက်ဦးဆေးရုံကနေ စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရ ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (​အေ​အေ)ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013