DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်မစည်ကားခဲ့ရင် ဦးဇော်မြင့်မောင်မြို့ဆီသွားမယ်-ယုန်လေးနှင့် လဖိုင်နန်ရော် သီချင်း(ရုပ်သံ)
DVB
·
April 10, 2019
ရန်ကုန်သင်္ကြန်မစည်ကားခဲ့ရင် ဦးဇော်မြင့်မောင်မြို့ဆီသွားမယ်-ယုန်လေးနှင့် လဖိုင်နန်ရော် သီချင်း(ရုပ်သံ)
Donate to DVB

“မင်းတို့က ခရစ်ယာန်ပဲဖြစ်ဖြစ်… မင်းတို့က အစ္စလာမ်ပဲဖြစ်ဖြစ်…မင်းတို့က ဘာပဲဖြစ်ဖြစ် … အားလုံးကို ဖိတ်ခေါ်တယ် ငါတို့ရဲ့နှစ်သစ်… တရုတ်နှစ်ကူးလည်း စည်ကားတယ်… ခရစ္စမတ်၊ နယူးရီးယားစည်ကားတယ်… ရန်ကုန်သင်္ကြန် မစည်ကားခဲ့ရင် ဦးဇော်မြင့်မောင်မြို့ဆီ သွားမယ်… ဦးဇော်မြင့်မောင်မြို့ဆီသွားမယ်… မြို့… မြို့… မြို့… မြို့… ဆီသွားမယ်”

ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ သင်္ကြန်သီချင်းတပုဒ်ဖြစ်ပြီး အိပ်မက်ဆုံရာ တေးသံရှင် လဖိုင်နန်ရော်နဲ့ ယုန်လေးတို့ သီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသီချင်းရဲ့ နာမည်ကိုတော့ အားလုံးပျော်တဲ့ သင်္ကြန်လို့ အမည်ပေးထားခဲ့ပြီး တေးသံရှင် ယုန်လေးက ရေးစပ်ထားခဲ့တာဖြစ်ကာ အွန်လိုင်းပေါ်မှာတော့ ရေပန်းစား နေခဲ့တာ ဖြစ်ပါတယ်။

“အရက်သောက်တာ မင်းအပြစ်မရှိဘူး… မူးပြီးရမ်းရင် Jail ထဲရောက်မယ်… မင်း တယောက်အတွက် အကျည်းမတန်စေနဲ့ သင်္ကြန်ခါ… ပျော်ရွှင်စရာများ အပြည့်ပါဟေ့… ငါတို့အတူတူ ကစို့လာဟေ့… အတာရေအေး ယေ့အေး… အတူတူပက်ဖျန်းစေ”

ဒီသီချင်းကိုတော့ Special 9 အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလိုရည်ညွှန်းဖော်ပြထားခဲ့တာပါ။

“အားလုံးပျော်တဲ့ သင်္ကြန် ဒီနှစ်သင်္ကြန် သီချင်းလေးပါ… ရန်ကုန်မှာ ဒီနှစ်တော့ စည်မယ်ထင်ပါတယ်… ရန်ကုန်မှာ တရုတ်နှစ်ကူး စည်တယ်… X'mas & Newyear လည်း စည်တယ်… ရန်ကုန်သင်္ကြန် မစည်ကားခဲ့ရင် ဦးဇော်မြင့်မောင် မြို့ဆီသွားမယ် ဆိုပြီး ထည့်ဆို ထားပါတယ်… ရန်ကုန် သင်္ကြန်ကြီး နှစ်စဉ်စည်ကားပါစေ”

အလန်းစား ရက်ပ်သီချင်းစာသားတွေ၊ မြူးကြွတဲ့ စည်းချက်သံစဉ်တွေ၊ အကအလှတွေနဲ့ ပုံဖော်ဖန်တီးထားတဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို လတ်တလောအချိန်ထိ ၀င် ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

https://www.facebook.com/special9movie/videos/2223295794576302/?v=2223295794576302

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013