DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် အစိုးရ၊ တပ်မတော်တို့ သီးခြားစီ တွေ့ဆုံမည်
DVB
·
April 10, 2019
ကေအန်ယူနှင့် အစိုးရ၊ တပ်မတော်တို့ သီးခြားစီ တွေ့ဆုံမည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (အန်အာပီစီ)နဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ လာမယ့်ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ သီးခြားစီ တွေ့ဆုံဆွေးနွေးမယ်လို့ ကေအန်ယူ ဗဟိုကော်မီတီဝင်တွေဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက်မှာ အန်အာပီစီ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပြီး ၁၂ ရက်နေ့မှာတော့ တပ်မတော်ဘက်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါ တယ်။

ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက “ဘာတွေဆွေးနွေးဖို့ရှိလဲဆိုတော့ ဖြစ်နေတဲ့ အခြေအနေကို ဆွေးနွေးကြမှာပေါ့။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအခက်အခဲ အဲဒါတွေပဲ ရှိမှာပေါ့။ ” လို့ပြောပါတယ်။

ဒါ့အပြင် လက်ရှိမြေပြင်မှာဖြစ်ပွားနေတဲ့ တပ်ပိုင်းဆိုင်ရာအငြင်းပွားမှုတွေရဲ့ အခြေခံ အကြောင်းတရားတွေကို အဖြေရှာပြီး ရှေ့ဆက်တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့  တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံမယ်လို့ လည်း ဆိုပါတယ်။

ဒီတွေ့ဆုံပွဲတွေမှာ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ဦးဆောင်ပြီး တွဲဘက်အတွင်းရေးမှူး-၂ ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒိုစောဆဲဂေနဲ့ ကေအန်ယူရဲ့ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင် တက်ရောက်ဦးမှာ မဟုတ်ဘူးလို့  ဒေါ်အောင်ဆန်းစုကြည်ထံကို ကေအန်ယူက အောက်တိုဘာ ၂၇ ရက်စွဲနဲ့ စာပေးပို့ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ငြိမ်းချမ်းကော်မရှင်နဲ့ အလွတ်သဘောတွေ့ဆုံမှုတွေ ရှိနေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့နဲ့ တကယ့်အကျိုးရှိတဲ့ ရလဒ်တွေ ရရှိဖို့ နှစ်ဖက်အဖွဲ့က တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပါတယ်။

ဒီဧပြီလထဲမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ဟာ  အန်အာပီစီနဲ့ရော တပ်မတော်နဲ့ပါ တွေ့ဆုံမယ်လို့ မတ် ၂၉ ရက် သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် ကျောက်မဲနဲ့ သီပေါဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) တို့ သုံးပွင့်ဆိုင် ပထမဆုံး ဆွေးနွေးမယ်လို့လည်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013