DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတယောက်ကို ကာယိနြေ္ဒပျက်ပြားအောင်လုပ်ခဲ့သည့် တပ်မတော်သားတဦးအား စစ်ဘက်အချုပ်၌ ခုံရုံးဖွဲ့စစ်ဆေးနေ
DVB
·
April 9, 2019
အမျိုးသမီးတယောက်ကို ကာယိနြေ္ဒပျက်ပြားအောင်လုပ်ခဲ့သည့် တပ်မတော်သားတဦးအား စစ်ဘက်အချုပ်၌ ခုံရုံးဖွဲ့စစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အသက် ၄၀ကျော် အမျိုးသမီးတယောက်ကို ကာယိနြေ္ဒပျက်ပြားအောင်လုပ်ခဲ့တဲ့ တပ်မတော်သားတဦးကို စစ်ဘက်အချုပ်မှာထားပြီး စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

ဧပြီ ၇ ရက် မွန်းလွဲပိုင်းက ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ရွာမှာ အမျိုးသမီးတယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်လိုက်တာပါ။

ပြင်ရှည်ရွာနားက ကြက်ဟင်းခါးခြံမှာ အသက် ၄၀ အရွယ် ဒေါ်ခိုင်စောရီဟာ သားနဲ့အတူ အလုပ်လုပ်နေတုန်း နယ်မြေခံတပ်က တပ်သားစိုင်းစိုးမြင့် ဆိုသူရောက်လာပြီး ကာယိနြေ္ဒပျက်ပြားအောင် ကိုယ်ထိလက်ရောက်လုပ်ခဲ့လို့ သားက ရွာသားတွေကို အကူအညီတောင်းခံခဲ့တဲ့အတွက်  ရွာသားတွေက ဝိုင်းဝန်း ဖမ်းချုပ်ပြီး သက်ဆိုင်ရာကို အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်စေဖို့ အတွက် စစ်သည်ကို လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စစ်ဘက်အချုပ်မှာထားပြီး တာဝန်ရှိသူတွေနဲ့ စုံစမ်း စစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေးဆောင်ရွက်နေသလို စစ်ဆေးတွေ့ရှိတာနဲ့ အရေးယူ ဆောင်ရွက်ချက်တွေကိုလည်း သတင်း ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013