DVB Logo
Home
Lead Story
ကြာပါတယ်ကွာ-ဦးဘညွန့်ရဲ့ ချစ်ဒုက္ခသီချင်း ၂ ပုဒ်နှင့် အမြွာညီအစ်မအောင်ပွဲခံခဲ့သည့် ည (ရုပ်သံ)
DVB
·
April 9, 2019
ကြာပါတယ်ကွာ-ဦးဘညွန့်ရဲ့ ချစ်ဒုက္ခသီချင်း ၂ ပုဒ်နှင့် အမြွာညီအစ်မအောင်ပွဲခံခဲ့သည့် ည (ရုပ်သံ)
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ပြသခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Battle Round ယှဉ်ပြိုင်မှုမှာ ပြိုင်ပွဲဝင် Twins Star အမြွာညီအစ်မ ၂ ဦးက အောင်ပွဲခံ ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။

သူတို့ ၂ ယောက်ရဲ့ ပြိုင်ပွဲဝင် အမျိုးစား Hpong Hpong တို့ဟာ ကြာပါတယ်ကွာ၊ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခစတဲ့ နာမည်ကြီး သီချင်း ၂ ပုဒ်ကို ပေါင်းစပ်ကာ မြူးမြူးကြွကြွ တင် ဆက်ဖျော်ဖြေပြီး ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကြာပါတယ်ကွာ သီချင်းဟာ အဆိုတော် Jenny နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ ဟန်ချက်ညီ ညီ ရက်ပ်စာသားရွတ်ဆိုမှုတွေနဲ့ နာမည်ကြီးတဲ့ သီချင်းတပုဒ်ဖြစ်သလို ဦးဘညွန့်ရဲ့ ချစ် ဒုက္ခသီချင်းဟာလည်း အဆိုတော် ဘိုဘိုဟန်ကစလို့ အဆိုတော် အတော်များများ သီဆို အောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တာမို့ ဒီပေါင်းစပ်မှုက ထူးခြားနေခဲ့တာပါ။

အမြွာ ၂ ယောက်ဟာ မယ်လိုဒီတေးသွားကိုဆိုလိုက်၊ ရက်ပ်စာသားနဲ့ စည်းချက် ညီညီ သရုပ်ပြကပြလိုက်နဲ့ သီဆိုမှုအပြီး Hpong Hpong ကလည်း အားမာန်အပြည့်နဲ့ သီဆိုမှုဟာ Coach တွေကိုရော ပရိသတ်တွေကိုပါ အံ့မခန်းဖြစ်စေခဲ့ပါတယ်။

သီချင်းအဆုံးမှာတော့ Coach တွေက အသီးသီးမှတ်ချက်ပေးခဲ့ကြပြီး သူတို့ ၂ ဖွဲ့ လုံးကို ပြန်လည်ရွေးချယ်ရမယ့် အချိန်ကို ရောက်ရှိလာချိန်မှာတော့ သေသပ်ကောင်းမွန်တဲ့ ဖျော်ဖြေမှုတွေကြောင့် ဘယ်သူ့ကို ရွေးလိုက်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ရတာပါ။

နောက်ဆုံးမှာတော့ Coach နီနီခင်ဇော်က အမြွာညီအစ်မ ၂ ဦးအဖွဲ့ဖြစ်တဲ့ Twins Star ကို ရွေးချယ်လိုက်ပြီး “ပုရိသတွေရဲ့ အသည်းနှလုံးကို ကိုင်ဆွဲမယ့် အမြွာ”လို့ ရည် ညွှန်းပြောဆိုခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

မနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့ပြီး နိုင်ငံတကာမှာလည်း ပရိသတ်သန်းချီ ရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။

ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။

မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင်ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။

ခုလက်ရှိကျင်းပနေတဲ့ ပြိုင်ပွဲတလျှောက်မှာတော့ အဆိုစွမ်းရည်ပြသနိုင်ခဲ့တဲ့ ပြိုင် ပွဲဝင်တွေ အများအပြား ပါဝင်ခဲ့တာမို့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲတပွဲအနေနဲ့ ပရိသတ် တွေက စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013