အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ ကျင်းပနေတဲ့ ကမ္ဘာ့ကြက်တောင်ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ဂျပန်ကစားသမား အကာနေး ယာမာဂူချီဟာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။
ယာမာဂူချီက ထိုင်းကစားသမား ပွန်ပါဝီ ချိုချူဝေါင်ကို ၂၁-၁၂၊ ၂၁-၁၇ နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၁ ကစားသမား အန်ဆီယောင်းနဲ့ တွေ့ဆုံရမှာပါ။
အန်ဆီယောင်းက တရုတ်ကစားသမား ဝမ်ကျီယီကို အနိုင်ယူခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲမှာတော့ ပြင်သစ်က အဲလက်စ် လာနီယေးနဲ့ ဂျပန်က ကိုဒိုင် နာရာအိုကာ တို့ ဗိုလ်လုပွဲ တက်ရောက်ခဲ့ကြပါတယ်။
ပြင်သစ်အတွက်တော့ မစ်စ်ဒ်ဒပ်ဘယ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ခဲ့တာကြောင့် အောင်မြင်တဲ့နေ့ တနေ့ ဖြစ်ခဲ့ပါတယ်။











