DVB Logo
Home
မြန်မာသတင်း

အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နား၊ သင်္ကြန်အထူးရထားပြေးဆွဲ

ပိုင်စိုး
·
April 9, 2019
အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နား၊ သင်္ကြန်အထူးရထားပြေးဆွဲ
Donate to DVB

ရန်ကုန်ကနေ နယ်မြို့တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတချို့  ဒီနေ့က စတင်ရပ်နားတာ၊ လှည့်ကျပြေးဆွဲတာတွေရှိနေပြီး မီးရထားကတော့ သင်္ကြန်အထူး ရထားတွေ ပြေးဆွဲပေးနေပြီ ဖြစ်ပါတယ်။

အောင်မင်္ဂလာအဝေးပြေးကနေ ရန်ကုန်တိုင်း အခြေပြုလိုင်း ၈ လိုင်း၊ တခြားတိုင်းနဲ့ ပြည်နယ်အခြေပြု လိုင်း ၆ လိုင်း၊ ဒဂုံဧရာအဝေးပြေးကနေ ရန်ကုန်တိုင်းအခြေပြုလိုင်း ၁ လိုင်း၊ တခြားတိုင်းနဲ့ပြည်နယ် အခြေပြုလိုင်း ၄ လိုင်းကတော့ ပိတ်ရက်မရှိ ပြေးဆွဲမှာပါ။

အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးတွေကနေ ပြေးဆွဲနေတဲ့ ကားလိုင်းတွေကတော့ ဒီနေ့ကနေ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ အထိ တချို့က ရပ်နားပြီး တချို့က ပြေးဆွဲမှာ ဖြစ်ပါတယ်။

ပြီးတော့ ရန်ကုန်ကနေ ပုသိမ်၊ ဝါးခယ်မ- မော်ကျွန်း၊ မြောင်းမြ၊ ဖျာပုံ- ဘိုကလေး၊ ဓနုဖြူခရီးစဉ်တွေကို ဝိုင်ဘီအက်စ်ကားတွေနဲ့ ဧပြီ ၁၁ နဲ့ ၁၂ တို့မှာ အားဖြည့် ပြေးဆွဲပေးမယ်လို့လည်း ဆိုပါတယ်။

မြန်မာ့မီးရထားကနေ ရန်ကုန်နဲ့ မန္တလေးကို သင်္ကြန်အထူးရထားခရီးစဉ်တွေအဖြစ် ဧပြီ ၈ ရက်ကနေ ၁၃ ရက်အထိ၊ သင်္ကြန်အပြီး ဧပြီလ ၁၈ နဲ့ ၁၉ ရက်တို့မှာ ပြေးဆွဲပေးမှာပါ။

မန္တလေးက ရန်ကုန်ကိုတော့ ဧပြီလ ၉ ရက်နေ ၁၃ ရက်အထိ၊ သင်္ကြန်အပြီး ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒီရထားတွေဟာ ညနေ ၄ နာရီမှာ စတင်ထွက်ခွာမှာဖြစ်ပြီး လက်မှတ်ခကတော့ အရင်အတိုင်း ဖြစ်ပါတယ်။

ရပ်တန့်ပေးမယ့်ဘူတာတွေကတော့ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နဲ့ သာစည်ဘူတာတို့ ဖြစ်ပါတယ်။

ဝန်ထမ်းတွေအတွက်ကတော့ ဧပြီ ၁၂ ရက်မှာ နေပြည်တော်ကနေ ရန်ကုန်၊ ဧပြီ ၁၇ ရက်မှာ ရန်ကုန်ကနေ နေပြည်တော်ကို ဝန်ထမ်းအထူးရထားပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထား တိုင်း အမှတ် ၇ က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးလမ်းပိုင်းအတွက်ကတော့ ရထားတွဲဆိုင်း ၈ ဆိုင်းနဲ့ ရထားစီးရေ ၉၀ နေ့တိုင်းပြေးဆွဲပေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ် ဘတ်စ်ကားတွေကတော့ ယာဉ်လိုင်း ၇၃ လိုင်းကနေ ကားစီးရေ ၉၇၃ စီးနဲ့ ပုံမှန်လမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းတွေနဲ့ ပြေးဆွဲမယ်လို့ ရန်ကုန်တိုင်း သင်္ကြန်ပွဲတော် ပို့ဆောင်ရေးလုပ်ငန်းကော်မတီက ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013