DVB Logo
Home
မြန်မာသတင်း
အမှိုက်၊ ရေစီးရေလာနှင့် လေလွင့်ခွေး ပြဿနာဖြေရှင်းမည်ဟု ရန်ကုန်ဒုမြို့တော်ဝန် ကတိပေး
DVB
·
April 9, 2019
အမှိုက်၊ ရေစီးရေလာနှင့် လေလွင့်ခွေး ပြဿနာဖြေရှင်းမည်ဟု ရန်ကုန်ဒုမြို့တော်ဝန် ကတိပေး
Donate to DVB

ရန်ကုန်မြို့နေလူထု ကြုံတွေ့ရင်ဆိုင်နေရတဲ့ အမှိုက်၊ ရေစီးရေလာနဲ့ ခွေးလေခွေးလွင့် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ အသစ်ရွေးချယ်ခန့်အပ်ခံရတဲ့ ရန်ကုန် ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် မြို့တော်နဲ့ မြို့နယ် အဆင့် စည်ပင်သာယာရေး ကော်မတီဝင်တွေကို ရွေးကောက်ခံထားနိုင်ပြီဖြစ်တဲ့အတွက် လက်ကျန် သက်တမ်း ၂နှစ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကထက် ပိုထူးခြားလာမယ်လို့လည်း ရန်ကုန်မြို့တော်ဝန်နဲ့ ဒုမြို့တော်ဝန်တို့က  ပြောကြားလိုက်ပါတယ်။

ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က “အမှိုက်၊ ရေစီးရေလာ၊ ခွေးလေခွေးလွင့် ပြဿနာတွေအပြင် ကော်မတီက တင်ပြလာတွေ ပေါင်းစပ်ဆောင်ရွက်သွားမယ်။ ဒုမြို့တော်ဝန် ဖြစ်တဲ့အတွက် အားလုံးနဲ့ ဆိုင်သွားမယ်။ လက်ကျန်သက်တမ်းကတော့ ပြောင်းလဲမှုကိုမြင်ရမယ်။ ပြောင်းလဲချင်လို့  ဝင်အရွေးခံတာပါ”လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် မြို့တော်နဲ့ မြို့နယ်ကိုယ်စားလှယ် ၁၀၅ ဦးကို မတ်လ ၃၁ ရက်က ရွေးကောက်တင်မြှောက်ခဲ့တာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၆ ဦး ရှိတဲ့အနက် မဲဆန္ဒနယ် ၃ ကနေ အရွေးခံရတဲ့ ဦးစိုးလွင်ကို ဧပြီလ ၈ ရက်က လျို့ဝှက်မဲနဲ့ ရွေးချယ်ပြီး  ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013