DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်း၏ ပါတီ တိုင်းရင်းသားဒေသ၌ ရွေးကောက်ပွဲမ၀င်
DVB
·
April 9, 2019
သူရဦးရွှေမန်း၏ ပါတီ တိုင်းရင်းသားဒေသ၌ ရွေးကောက်ပွဲမ၀င်
Donate to DVB

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေနဲ့ ရွေးကောက်ပွဲ တွေမှာ တိုင်းဒေသကြီးတွေမှာဘဲ ၀င်ရောက်ယှဉ်သွားမယ်လို့ ပြောပါတယ်။

ဧပြီလ ၈ ရက်က နေပြည်တော်မှာရှိတဲ့ သူရဦးရွှေမန်းနေအိမ်မှာ ပါတီမှတ်ပုံတင်မှု၊ ပါတီရဲ့ ရပ်တည်ချက်တွေနဲ့ ပါတီဘယ်လို ရပ်တည်ဆောင်ရွက်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို  ဖြေကြားရာမှာ ပြောသွားတာဖြစ်ပါတယ်။

သူရဦးရွှေမန်းက “ပါတီဝင်ရောက်ယှဉ်ပြိုင်မှုနဲ့ ပြောရမယ်ဆိုရင် တိုင်းဒေသကြီးတွေကိုပဲ အဓိကထား ပြီးတော့ စဉ်းစားပါတယ်။ ပြည်နယ်တွေကိုတော့ အဓိကထားမစဉ်းစားပါဘူး။ ပြည်နယ်တွေကိုတော့ တိုင်းရင်းသားများကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်။ သို့ရာတွင်တချို့ပြည်နယ် တွေမှာ တိုင်းရင်းသားတွေ ဆိုသော်လည်း တချို့ပြည်နယ်တွေ တချို့မြို့နယ်တွေမှာ အဲ့ဒီဒေသရဲ့ တိုင်းရင်းသားတွေနည်းပြီးတော့ အခြားလူမျိုးရှိတယ်ဆိုရင်တော့ စဉ်းစားပြီး ဆောင်ရွက်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။

ပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဧပြီလ ၈ ရက်က သွားရောက်လျှောက်ထားခဲ့ပြီး ပါတီမှာ မူဝါဒ ၂၂ ချက်နဲ့ လုပ်ငန်းစဉ် ၈၁ ခုကို အလေးထား ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013