DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် ဆင်သတ်​မုဆိုး ၃ ဦး ဖမ်းမိ
DVB
·
April 9, 2019
ငပုတောတွင် ဆင်သတ်​မုဆိုး ၃ ဦး ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ညောင်ဝိုင်းအုပ်စု သစ်စိမ့်ချောင်းဝမှာ ဧပြီ ၈ ရက် မနက်​ ၂ နာရီ​လောက်​က ဆင်ရိုင်း​တွေကို သတ်ဖြတ်ဖို့လာရောက်တဲ့ ဆင်​သတ်​မုဆိုး ၃ ဦးကို ဆင်​သတ်​ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်​။

သစ်​စိမ့်​ချောင်းဝ မဲခရဲကြိုးဝိုင်းမှာ မသင်္ကာစရာ လူ ၃ ဦးရောက်ရှိနေတဲ့ သတင်းအရ ရဲတပ်​ဖွဲ့၊ သစ်​​တောရဲနဲ့ အုပ်​ချုပ်​​ရေး တာဝန်​ရှိသူ​တွေပါဝင်​တဲ့ ပူး​ပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာမှာ မင်္သကာဖွယ်ရာ လူ ၃ ဦးကို တူမီးသေနတ်အပါအ၀င် ဆင်​သတ်​ရာမှာ အသုံးပြုတဲ့ ပစ္စည်း​တွေနဲ့အတူ ဖမ်းဆီးရမိခဲ့​တာပါ​။

သွားရောက်စစ်ဆေးရာမှာ ပါဝင်တဲ့ ငပု​တောမြို့နယ်​ တင်း​ချောင်း​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးထွန်း​လေး "​တောဆင်​ရိုင်း​အော်​သံကြားလို့ သွားတာ သွား​တော့ အခင်းဖြစ်​​နေရာမှာဖမ်းမိတာ။ သူတို့ကိုစစ်​​တော့ မီး​သွေးဖုတ်​တယ်​ပဲ​ပြောတယ်​။ ရှာ​တော့မှ တူမီး​သေနတ်​နဲ့ ဆက်​စပ်​ပစ္စည်း​တွေ ​တွေ့တာ"လို့ ပြောပါတယ်​။

ဆင်မုဆိုး​တွေဆီက တူမီးသေနတ် ၁လက်၊ အရိုးအသွား ၁၅ လက်မခွဲ​လောက်​ရှိတဲ့ သစ်သားရိုးတပ် ဓား ၁ ချောင်း၊ ဆင်ဦးစီးကိုင် ဓား ၁ ချောင်း၊ သံမြားချွန်၊ တံစည်း၊ ယမ်းအနက်၊ အ၀ါရောင်ကန့်မှုန့်၊ အဖြူရောင်ယမ်းစိမ်း၊ ဆင်ပစ်ရာမှာ အသုံးပြုတဲ့အဆိပ်​တွေ သိမ်းဆည်းရမိ ခဲ့ပါတယ်​။

ဖမ်းဆီးရမိသူ​တွေက​တော့ ရန်ကုန် လှိုင်သာယာမြို့နယ်နေ အောင်လင်း၊ ဧရာဝတီတိုင်း ငါးပြေမအုပ်စု ဂျိပ်ကွင်းကျေးရွာနေ ဇင်မောင်မောင်(ခ)မောင်ပေါက်ရှည်နဲ့ စမ်းနားကျေးရွာနေ မင်းဇော်တို့ဖြစ်ကြပြီး သူတို့ကို ငပုတောမြို့နယ်၊ ကျုံကူးနယ်မြေရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားကာ တရားစွဲဖို့ ဆောင်ရွက်နေပါတယ်။

သတင်း- မြမင်းဦး(ပုသိမ်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013