DVB Logo
Home
မြန်မာသတင်း
စိုက်ခင်းများကို မီးရှို့ဖျက်ဆီးသည့် ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားကိုအမှုဖွင့်
DVB
·
April 8, 2019
စိုက်ခင်းများကို မီးရှို့ဖျက်ဆီးသည့် ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားကိုအမှုဖွင့်
1 / 5
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လဟာမငယ်ကျေးရွာမှာ တောင်သူ ၃၀ ကျော် စိုက်ပျိုးထားတဲ့ စိုက်ခင်း ဧက ၄၀ နီးပါးကို မိုးယဉ်မွန်ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာတောင်သူတွေက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

ဦးဆောင်တိုင်ကြားသူဒေါ်စန်းစန်းမော်က "ကျမတို့တောင်သူ ၃၀ ကျော် စိုက်ပျိုးထားတဲ့ မန်ဂျန်ရှားပင် ဧက ၆၀ ကျော်ကို အခုလ ၃ ရက်နေ့ည ၉ နာရီလောက်က မီးလောင်တာတွေ့လို့ သွားကြည့်တော့ ဘယ်သူမီးရှို့တယ်ဆိုတာကို မသိရဘူး၊ တောဆင်ရိုင်းတွေ ဝင်နေတော့ ညဘက်မသွားရဲလို့ မနက်ပိုင်းလူစုပြီး သွားကြည့်တော့ဧက ၄၀ လောက် မီးလောင်သွားပြီး ကျန်တဲ့နေရာကိုတရုတ် ချိန်စွပ်ဖန်က မီးထပ်ရှို့နေတာကိုတွေ့လို့ အော်တော့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်။”လို့ပြောပါတယ်။

ဒါကြောင့် မီးရှို့တဲ့ တရုတ်နိုင်ငံသားကို ဥက္ကံရဲစခန်းမှာ  မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၄၃၅ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ဒေသခံ ဒေါ်စန်းစန်းမော်က ဆက်ပြီး ပြောပြပါတယ်။

“ကျမတို့အုပ်ချုပ်ရေးမှူးကို တိုင်တယ်။ ဥက္ကံရဲစခန်းကို အမှုသွားဖွင့်တော့ ရဲနဲ့ မီးသတ်ရယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လာကြည့်သွားတယ်။ ရဲကတော့ ပြောတယ်။ တရုတ် နိုင်ငံသားကို သွားဖမ်းတာ ရှောင်နေတဲ့အတွက် အမတို့တွေ့ရင် အကြောင်းကြားပေးပါ ပြောတယ်။ ဥက္ကံရဲစခန်းက ပုဒ်မ-၄၃၅ နဲ့ အမှုဖွင့်ထားတယ်။"

မိုးယဉ်မွန်ကုမ္ပဏီနဲ့ ဒေသခံ တောင်သူတွေအကြား အရင်ကလည်း ပြဿနာဖြစ်ပွားခဲ့ပြီး ခရိုင်တရားရုံးနဲ့မြို့နယ်တရားရုံးမှာ တရား ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ကျွဲဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက "အခုပြဿနာဖြစ်တဲ့ မြေက မြေလွတ်မြေရိုင်းဖြစ်ပြီး ကျေန်ာတို့ဒေသအရ ရွှေ့ပြောင်းတောင်သူခေါ်တာပေါ့။ အဲ့ဒီလို လုပ်ကိုင်စားနေကျတာ။ မိုးယဉ်မွန်ကုမ္ပဏီက ၂၀၁၂-၁၃ လောက်က ဝယ်တယ်ပြောတယ်။ အရင်နှစ်တွေကတောင်သူတွေနဲ့ ပြဿနာဖြစ်ပြီး တရားရင်ဆိုင်တော့ မိုးယဉ်မွန်ကုမ္ပဏီက နိုင်တဲ့အကြောင်း ကျနော်ကို ပို့ထားတာရှိတယ်။ အခုလည်း မီးရှို့တယ်ပြောလို့ ကျေန်ာအဖွဲ့လိုက် သွားကြည့်တော့ မီးက လောလောလတ်လတ်လောင်ထားတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၁၅ ရက်လောက်က လောင်ထားတယ်လို့ ခန့်မှန်းရတယ်။ အပင်တွေတောင် ပြန်ပေါက်နေတာကို တွေ့တယ်"လို့ ပြောပါတယ်။

လဟာမငယ်ကျေးရွာမှာ မိုးယဉ်မွန်ကုမ္ပဏီနဲ့ တောင်သူတွေ အငြင်းပွားနေတဲ့ မြေနေရာတဲ့ မြေလွတ်မြေရိုင်းဖြစ်ပြီး အရင်နှစ်ပေါင်း ၃၀ ကျော်ကတည်းက တောင်သူတွေ ခုတ်ထွင်ရှင်းလင်းပြီး ပြောင်း၊ ပဲ၊ နှမ်း၊ ကလော နဲ့ ကြံတွေ စိုက်ပျိုးလုပ်ကိုင် ခဲ့ပေမယ့် မည်သူတဦးတယောက်မှာ ပိုင်ဆိုင်မှု မရှိခဲ့ပါဘူး။

၂၀၁၂-၁၃ ခုနှစ်တွေမှာ တောင်သူအချို့က မိုးယဉ်မွန်ကုမ္ပဏီကိုဧက ၆၀၀ ကျော် ရောင်းချခဲ့တယ်လို့ ကျေးရွာတောင်တွေထံက သိရပြီး တာင်သူတွေက နိုင်ငံတော် သမ္မတထံ စာတင်တိုင်ကြားသွားမယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013