DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပလတ်စတစ် အန္တရာယ် အသိပညာပေးဆွေးနွေး
DVB
·
April 8, 2019
မန္တလေးတွင် ပလတ်စတစ် အန္တရာယ် အသိပညာပေးဆွေးနွေး
Donate to DVB

ပလတ်စတစ်ဟာ သက်ရှိတွေကို ဘယ်လောက်အထိ အန္တရာယ်ပေးနိုင်တဲ့အကြောင်း အသိပညာပေးတဲ့  ပလတ်တစ်သုံးစွဲမှု လျှော့ချရေး ဆွေးနွေးပွဲကို ဧပြီ ၆ ရက်က မန္တလေးမြို့မှာ ကျင်းပပါတယ်။

မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်း ကျုံးထောင့်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနဲ့ မန္တလေးတိုင်းဒေသကြီး မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပလတ်စတစ် အမှိုက်တန်ချိန်ပေါင်း ၆.၃ ဘီလီယံကျော်ရှိနေပြီး ပလတ်စတစ်အိတ်တွေ ပျက်စီးဖို့ ၁၀နှစ်ကနေ နှစ်ပေါင်း ၁၀၀ လောက်အထိ အချိန်ယူရ တာကြောင့် ပလတ်စတစ် အန္တရာယ် ဘယ်လောက်ထိကြီးမားသလဲဆိုတာ သိစေချင်တဲ့ အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်တာလို့ မြန်မာအမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ စွန့်ပစ်အမှိုက်တွေကို ဂျပန်နိုင်ငံရဲ့ ကူညီမှုနဲ့ ပလတ်စတစ်ပါဝင်တဲ့ စွန့်ပစ်အမှိုက်တွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့ ဆောင်ရွက်နေပြီလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။

နိုင်ငံတကာမှာ စွန့်ပစ်အမှိုက်ကို စနစ်တကျ ပြန်လည်စီမံခန့်ခွဲနေကြပြီဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ကိစ္စရပ်တွေမှာ စနစ်တကျ စီမံဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာလည်း အမှိုက်ကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေပြီဖြစ်တယ်လို့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မင်းမောင်က ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ တက်ရောက်ဟောပြောခဲ့ကြပြီး မန္တလေးမြို့က အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့သူတွေအတွက် ပလပ်စတစ်ရေဘူးအစား သုံးစွဲနိုင်တဲ့ ဖန်ဘူးတွေကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013