DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 8, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရတနာတိုး (စပါး)

ပေါင်းတည်ကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) က တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးကျသွားပါတယ်။ နတ်တလင်းကုန်စည်ဒိုင်မှာ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၆၁၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ နတ်တလင်းကုန်စည်ဒိုင် ၃၀၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၃၁၀၀ ပေါက်ဈေးရှိပြီး စနေနေ့နဲ့ နှိုင်းယှဉ်ပါက ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၆၈၀၀၀ ကနေ ၇၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ (929)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (929) က ၅၇.၂၅ ပိသာဝင်တအိတ်ကို ၇၆၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ကုလားပဲ (929) တအိတ်ကို ၇၆၂၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိသာဝင်တအိတ်ကို ၇၀၀၀၀ ကနေ ၉၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၈၂၅၀၀ ကနေ ၉၄၅၀၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဂေါ်ဖီထုပ်

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၆၀၀ ကနေ ၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၆၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ် ဈေးတက်လာပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၁၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013