DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြေငလျင်စခန်းမှ ၁၉၇ မိုင်ခန့်အကွာ၌ ပြင်းအား ၅.၀ အဆင့်ရှိ ငလျင်လှုပ်
DVB
·
April 8, 2019
ထားဝယ်မြေငလျင်စခန်းမှ ၁၉၇ မိုင်ခန့်အကွာ၌ ပြင်းအား ၅.၀ အဆင့်ရှိ ငလျင်လှုပ်
Donate to DVB

ထားဝယ်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၉၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပမှာ  အင်အားရစ်ခ်ျ တာစကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တခု ဒီကနေ့မနက်က လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၈ ရက် မြန်မာစံတော်ချိန် မနက် ၈ နာရီ၊ ၂၄ မိနစ်၊ ၅၄ စက္ကန့် အချိန်မှာ  (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၁) ဒီဂရီ၊ အနက်(၈၀)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ငလျင်ကြောင့် ဆူနာမီ ငလျင်ရေလှိုင်း သတိပေးချက်တွေတော့ ထုတ်ပြန်ခဲ့တာ မရှိပါဘူး။

ဓာတ်ပုံ-dmh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013