DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၄ ဦး ဖမ်းဆီးခံရ
DVB
·
April 8, 2019
ပုဏ္ဏားကျွန်းတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ညမထွက်ရအမိန့်အား ဖောက်ဖျက်သူ အမျိုးသား ၄ ဦး ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၆ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်လောက်က ရှေ့တန်းအမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်လွင်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းနဲ့ ခမရ (၃၇၂) မှ ဗိုလ်မှူး အောင်မျိုးဟိန်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ကာလအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ ရွှဝင်းထွန်း(ခ)ပေါက်စချေ မောင်းနှင်ပြီး ယာဉ်နောက်လိုက် သန်းကျော်ဌေးအပါအ၀င် ၄ ဦးက လိုက်ပါလာတဲ့ 5A/×××× Canter ၆ ဘီးယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

စစ်ဆေးမေးမြန်းချက်အရ သူတို့ ၄ ဥိးဟာ ရသေ့တောင်မြို့ကို ညဘက်သွားမရတာကြောင့် ပုဏ္ဏားကျွန်းမြို့မှာ သွားရောက်ညအိပ်ပြီး မနက် ရသေ့တောင်မြို့ကို သွားရောက်ဖို့ ထွက်ခွာလာတာလို့ သိရပါတယ်။

ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၄ ဦးအား မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ ဦးတိုက်လျှောက်တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013