DVB Logo
Home
မြန်မာသတင်း
မန္တ​လေးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် စု​ပေါင်း​သွေးလှူဒါန်း၊ သွေးအိတ် ၁၀၀၀ ခန့်ရရှိ
DVB
·
April 7, 2019
မန္တ​လေးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် စု​ပေါင်း​သွေးလှူဒါန်း၊ သွေးအိတ် ၁၀၀၀ ခန့်ရရှိ
1 / 5
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး ချမ်း​အေးသာစံမြို့နယ်​ ပရိယတ္တိသာသနဟိတအသင်းကြီးမှာ မန္တ​လေးမြို့ပြည်​သူ့​ဆေးရုံကြီးက လူနာတွေအတွက်​ ပရဟိတ​သွေးလှူရှင်အသင်းတွေ စု​ပေါင်းပြီး ဒုတိယအကြိမ်​ ​သွေးလှူဒါန်းပွဲကို ဧပြီလ ၇ ရက်​နေ့က ကျင်းပခဲ့ပါတယ်​။

“ကျမ​သွေး အခုလိုလှူဒါန်းဖြစ်​တာ ၄ ကြိမ်​ရှိပါပြီ။ ကျမခန္ဓာကိုယ်​ထဲက မဖြစ်​စ​လောက်​ ​သွေးတပုလင်းက လူတ​ယောက်​ရဲ့အသက်​တ​ချောင်းကို ကယ်​တင်​နိုင်​တယ်​​လေ၊ ဒါ​ကြောင့် ကျမလှူဖြစ်​တာပါ။ ​နောက်​ထပ်​လည်း အကြိမ်​ကြိမ်​ ထပ်​လှူဦးမှာပါ။ ​သွေးလှူတဲ့ အလုပ်​ဟာ အင်​မတန်​ မွန်​မြတ်​ပါတယ်​။ ဒါ​ကြောင့် မိတ်​​ဆွေ​တွေအ​နေနဲ့ ​သွေးလှူဒါန်း​ပေးကြပါလို့​​ ပြောချင်​တယ်”​လို့ စပါးနှံတာယာစက်​ရုံဝန်​ထမ်း မမြင့်မြင့်ခိုင်​က ​ပြောပါတယ်​။

မန္တ​လေးပြည်​သူ့​ဆေးရုံကြီးမှာ လက်​ရှိ​ဆေးကုသမူခံ​နေကြတဲ့ ရပ်​​ဝေးရပ်​နီး နယ်​​ဒေသ အသီးသီးက လူနာတွေအတွက် လူမျိုးဘာသာမခွဲခြားဘဲ လှူဒါန်း​ပေးသွားမှာဖြစ်​သလို လိုအပ်​ရင် ​လိုအပ်​သလို ကူညီ​ဆောင်​ရွက်​​ပေးသွားမှာဖြစ်​ပြီး ​သွေးလှူရှင်​ အသင်း​တွေရဲ့ ဖုန်းနံပါတ်​​တွေကိုလည်း အချိန်​မ​ရွေးဆက်​သွယ်​အကူအညီ​တောင်းနိုင်​ပါတယ်​လို့ ​သွေးလှူရှင်​အသင်းများကွန်​ရက် ​ဦး​ဆောင်​ ဆရာ​တော် ​ဦးသုမနကမိန့်​ကြားပါတယ်​။

မန္တ​လေး​ပြည်​သူ့​ဆေးရုံကြီးမှာ ကုသ​နေကြတဲ့ လူနာတွေအတွက်​​ သွေးအခက်​အခဲ မဖြစ်​​စေဖို့​ ကျောက်​ဆည်​၊ စဥ့်ကိုင်​၊ တံတားဦး၊ မတ္တရာ၊ စဥ့်ကူး စတဲ့မြို့ကြီး ၁၅ မြို့တို့က လာ​ရောက်​ပြီး ​သွေး​လှူဒါန်းခဲ့ကြရာ​ သွေးအိတ်ပေါင်း ၁၀၀၀ ​နီးပါးရရှိခဲ့ပါတယ်​။

သွေးလှူရှင်​များကွန်​ရက်​ကို ဒါန​သွေး​ သွေးလှူရှင်​အသင်း၊ မေတ္တာကာရီ ​သွေးလှူရှင်​ အသင်း၊ ဒါနပါရမီ​သွေးလှူရှင်​အသင်း၊ ​လောကပါလ​ သွေးလှူရှင်​အသင်းစတဲ့​ သွေးလှူရှင်​ အသင်း​ပေါင်း ၂၀ နဲ့ သွေးလှူရှင်​အသင်းကွန်​ရက်​ အဖွဲ့ဝင်​ ၂၅၀​ ကျော်​နဲ့အတူ ၂၀၁၈ ခုနှစ်​က စတင်​ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013