DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
April 7, 2019
ရင်ဖွင့်စာ
Donate to DVB

လျှပ်စစ်ဝန်ကြီး သိရှိစေဖို့

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ကပါ။ လျှပ်စစ် လျောက်ထားတာ ၂ နှစ် နီးပါး ရှိပါပြီ။ ငွေလဲ သွင်းပြီးပါပြီ။ ငွေသွင်းချလန်လဲ ရပြီးပါပြီ။ မီတာ အဆံ မရသေးပါ။ လျှပ်စစ်ဝန်းကြီး သိရှိစေအောင် ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ပါတယ်။

အာတာပူစီ

ပွင့်ဖြူမြို့နယ်က ပျက်စီးနေတဲ့ မြောင်းများ ပြုပြင်ပေးပါ

မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ် ၁၅ မြောင်း၊ မိုင်းနား တစ်ခွဲ ကြည့်ညောင်ပင်မြောင်းဟာ အလွန်အမင်း မြောင်းတွေ ပျက်စီးနေပါတယ်။ မြောင်းလျောက် မြောင်းလူကြီးတွေရှိရင် ပြုပြင် ပေးစေလိုပါတယ်ခင်ဗျာ။ တခြားမြောင်းတွေက မြောင်းလျောက်ရှိတယ်၊ မိုင်းနား တစ်ခွဲမြောင်းက မြောင်းလျောက်ရှိပါသလား။ သိစေချင်ပါတယ်။

ရာဇာ

လောင်းကစားကြောင့် အောင်ပန်းမြို့ ပျက်စီးမှာကို စိုးရိမ်

ကျနော်တို့ မြို့လေးအတွက် အများပြည်သူတွေ သိစေချင်ပါတယ်ခင်ဗျာ။ စည်းကမ်းမဲ့မှုနဲ့ လောင်းကစား အကျင့်ပျက်ဝန်ထမ်း မူးယစ်ဆေးကြောင့် လူငယ်များ ပျက်စီးနေပါတယ်ဗျ။ ကျနော့်တို့ အကုန်လုံးက သိနေတယ်အကို။ အောင်ပန်းမြို့လေး ပျက်စီးသွားမှာတောင် ကြောက်ရပါတယ်။ နောက်ကျနော်က အန်အယ်လ်ဒီ ပါတီဝင် ဖြစ်နေလို့ ဘယ်လိုလုပ်ရင် အဆင်ပြေမယ်ဆိုတာ အကြံပေးစေလိုပါတယ်။

ငါးပွင့်တခိုင်

မီတာထိန်းသိမ်းခအပြင် ၅၀၀ ကျပ်က ဘာအတွက် တောင်းနေတာလဲ

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာမှာ ကျသင့်ငွေနဲ့ မီတာ ထိန်းသိမ်းခအပြင် ၅၀၀ ကျပ် တောင်းခံနေတာ ဘာအတွက်တောင်းခံတယ်ဆိုတာ မသိရပါ။ မီတာ စာရွက်ပေါ် ကြည့်တော့မှ မြို့နယ်အင်ဂျင်နီယာဆိုတဲ့ မျဉ်းကြောင်းပေါ်မှာ ၅၀၀ ကျပ် ဆိုပြီး ရေးထားတာဟာ မြို့နယ်အင်ဂျင်နီယာအတွက်မှန်းမသိ ဘာအတွက်မှန်းမသိဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါအတိုင်း တာဝန်ရှိ လူကြီးမင်းများ သိရှိပြီး ဖြေရှင်ပေးပါရန်နှင့် ဆက်လက် မတောင်းခံရန်အတွက် တောင်းဆိုတင်ပြအပ်ပါတယ်။ ခေါက်ရိုးကြိုးနေတာတွေကိုလည်း ပြင်စေချင်ပါတယ်။

ပုန်းအင်းစံပြကျေးရွာက သောက်သုံးရေဒုက္ခ

ကျနော်တို့ရွာလေးက သောက်သုံးရေဒုက္ခကို ရင်ဖွင့်ပါမယ်။ ကျနော်တို့က  ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စု၊ ပုန်းအင်းစံပြကျေးရွာလို့ ခေါ်ပါတယ်။ ခုပုံပါတဲ့ အတိုင်းပါဘဲ ကိုရီးယားက လှူတန်းထားတဲ့ သောက်ရေကံပါ။ အဝီစိကိုတော့ လုပ်ငန်းရှင်က လှူတန်းပေးထားတာပါ။ ဒါပေမယ့် သောက်ရေက မရပါဘူး။ တလမှတကြိမ်လောက်ပဲ လာတာပါ။ ပုံမှာမြင်နေတဲ့ အတိုင်းပါ။ တအိမ် ရေတွင်းတတွင်းတော့ ရှိပါတယ်။ သောက်မဖြစ်ပါ။ ရေရဲ့အရောင်လည်း မြင်ရတဲ့အတိုင်းပါ။ တခြားရွာက ရေကို ထော်လာကျီနဲ့ ဝယ်သောက်နေရပါတယ်။ ဒါကြောင့် အများသိအောင် ကြေညာပေးပါ။

Pon Inn

ငွေတောင်း ပြန်လွှတ်ပေးလုပ်နေတဲ့ မူးယစ်ဆေးဖမ်းဆီးမှု မဆိုင်သူ ဒုက္ခမပေးပါနဲ့

ကျနော်တို့က မူးယစ်ဆေးဝါးလည်းမသုံးပါဘူး။ ကျနော်တို့နယ်မြေက မူးယစ်ဆေး အရောင်းအဝယ် လွယ်ကြပါတယ်။ အဲဒါကိုစခန်းကလည်း သိပါတယ်။ မန္တလေးတောင်ပိုင်း မြောက်ပိုင်း မူးယစ်ဆေးဝါရောင်းတဲ့သူ အားလုံး သူ့တို့သိပါတယ်။ ကျနော်တို့က မူးယစ်နယ်မြေထဲ ရောက်နေတော့ ဘယ်လိုပုံစံနဲ့ လာရစ်မလဲမသိပါဘူးခင်ဗျာ။ အဓိက မိရင် ငွေတောင်း ပြန်လွှတ်ပေး ပြန်ရောင်းနဲ့ သံသရာလည်နေပါတယ်။ ကျနော်တို့ မိသားစုက ကောင်းကောင်းမွန်မွန်နေပါသည်။ ၂၀၁၀ ကလည်း တခါ ကျနော်အကိုကို လူမှားဖမ်းပါသည်။ လက်ထိတ်အတင်းခတ်ပါတယ်။ ကျနော်တို့အိမ်ကို မူးယစ်ဆေးရှာတာ အိမ်အပေါ်ထပ်တယောက်မှမနေခိုင်းပါ။ တကယ်လို့ သူ့တို့က ဆေးချသွားရင် ဘယ်လို ဖြေရှင်းရမလဲ။ ကျနော်အဖေကိုတောင် ခြိမ်းခြောက်သွားပါသေးတယ်။ မူးယစ်ကင်းရှင်း လိုလျှင် ဖိလစ်ပိုင်လို ဖမ်းပါ။ မဆိုင်သူတွေကို ဒုက္ခမပေးကြပါနဲ့လို ပြောလိုက်ပါရစေ။

အမည်မဖော်လိုသူတဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013