DVB Logo
Home
မြန်မာသတင်း
ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် ဦးဆောင်သူ ဒေါ်နန်ပူ လွတ်မြောက်
DVB
·
April 7, 2019
ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် ဦးဆောင်သူ ဒေါ်နန်ပူ လွတ်မြောက်
Donate to DVB

ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ဦးဆောင်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံရတဲ့ ဒေါ်နန်ပူဟာ ဧပြီ ၅ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒေါ်နန်ပူရဲ့ ရှေ့နေ ဒေါ်ဒွဲဘူက “မူလကတော့ ၆ လ ကျခံရတယ်ပေါ့။ အခုက နှစ်လ လျှော့ခံရတယ်ဆိုတော့ လေးလကျခံခဲ့ရတာပေါ့။ အကြောင်းအရာကတော့ သူအကျဉ်းထောင်ထဲ မ၀င်ခင်ကတည်းကနေ ကျန်းမာရေးမကောင်းဘူး၊ ဆေးကုသနေရတာတွေရှိတယ်။ အမြဲတမ်း စစ်ဆေးနေရတယ်၊ အဲတော့ အဲဒီိဆေးစာတွေနဲ့တင်ပြပြီး ပြင်ပမှာဆရာဝန်ကြီးတွေနဲ့ ဆက်လက်ကုသနိုင်အောင် ဆိုပြီး ရုံးကို တင်ပြခဲ့တာဖြစ်ပါတယ်။ အဲလိုတင်ပြတော့ ကချင်ပြည်နယ် တရားလွှတ်တော်ကနေ ၂ လ လျှော့ပေးလိုက်တာ’’ လို့ ပြောပါတယ်။

ဒေါ်နန်ပူနဲ့အတူ ထောင်ဒဏ် ကျခံခဲ့သူ ဦးဇော်ဂျတ်နှင့် ဦးလွမ်းဇောင်းတို့နှစ်ယောက်တော့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သူတို့ ၃ ဦးဟာ တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က သပိတ်စခန်းကို ဦးဆောင်ဆန္ဒပြခဲ့တာကြောင့် တပ်မတော်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တရားရုံးက အလုပ်မဲ့ထောင်ဒဏ် ၆ လ နဲ့ ဒဏ်ငွေ ၅ သိန်းကျပ် ကျခံခဲ့ရတာပါ။

မြစ်ကြီးနား အကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးသမားတွေအတွက် သီးသန့်နေရာမရှိတဲ့အတွက် ဒေါ်နန်ပူဟာ အခြား အမျိုးသမီးအကျဉ်းသား ၅၀၀ ကျော် နဲ့အတူနေထိုင်ရပြီး စာဖတ်ခွင့်နဲ့ အခြား အမျိုးသား နိုင်ငံရေးအကျဉ်းသားတွေလို တန်းတူအခွင့်အရေး မရရှိဘူးလို့ သိရပါတယ်။

ဒေါ်နန်ပူအနေနဲ့ ဆက်လက်ပြီး ကျားမတန်းတူရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်လဲ ဆုံးဖြတ်ချက်ချ သည့်အခန်း ကဏ္ဍတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရေးအတွက် သိပညာပေးတာတွေ၊ စီမံကိန်းရေးဆွဲတာ တွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒေါ်နန်ပူဟာ World Kachin Congress တို့မှချီးမြှင့်တဲ့ MUSHE အမည်ရ ဂုဏ်ပြုဆု၊ အမေရိကန်သံရုံးမှ ချီးမြှင့်တဲ့ Women Of Change ဂုဏ်ပြုဆု၊ Myitkyina Journal Award နဲ့ ဥရောပနိုင်ငံများ သံရုံးမှ ချီးမြှင့်တဲ့ Stakman Award ဂုဏ်ပြုဆုကို ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013