DVB Logo
Home
မြန်မာသတင်း
လုပ်ကြံခံရသည့် တိမ်ညိုရဲကင်းစခန်းမှူး၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်
DVB
·
April 7, 2019
လုပ်ကြံခံရသည့် တိမ်ညိုရဲကင်းစခန်းမှူး၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရဲကင်းစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း လုပ်ကြံခံခဲ့ရတဲ့ ရဲအုပ်ကျော်ကျော်လှရဲ့ မိသားစုဝင်တွေကို ဧပြီလ ၆ ရက်နေ့က ထောက်ပံ့ငွေ ၆၄ သိန်းကျော် ပေးအပ်လှူဒါန်းခဲ့တယ်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ညနေက ထမင်းစားနေစဉ်အတွင်း အမည်မသိ သေနတ်သမား ၂ ဦးက အနီးကပ်ပစ်ခတ်ခဲ့တာကြောင့် မြောက်ဦးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တဖြစ်ပြီး ဒီနေ့ထိ လုပ်ကြံသတ်ဖြတ်သူတွေကို မဖမ်းဆီးနိုင်သေးပါဘူး။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲအုပ် ကျော်ကျော်လှအတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ဒုရဲမှူးတို့ အပါအဝင် ဒုရဲအုပ်လောင်း အပတ်စဉ် ၆၅ က သူငယ်ချင်းတွေရဲ့ စုပေါင်းထည့်ဝင်ငွေတွေကို သွားရောက် ထောက်ပံ့ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ရဲအုပ်ကျော်ကျော်လှရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးစေချင်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013