DVB Logo
Home
မြန်မာသတင်း
ကလေးငယ်အပါအ၀င် လူ ၇ ဦးကို ပစ်သတ်ခဲ့သူ ၂ ဦးကို ပြန်လည်ဖမ်းမိ
DVB
·
April 7, 2019
ကလေးငယ်အပါအ၀င် လူ ၇ ဦးကို ပစ်သတ်ခဲ့သူ ၂ ဦးကို ပြန်လည်ဖမ်းမိ
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အနန်းကွင်းကျေးရွာမှာ ဆိုင်ကယ်ငှားရမ်းလို့မရတဲ့အတွက် တပ်မတော်သား ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်အပါအ၀င် လူ ၇ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ဧပြီ ၅ ရက် မနက် ၂ နာရီလောက်က အနန်းကွင်းကျေးရွာအထွက်မှာ ခမရ ၃၃၉ တပ်မှ တပ်သား မြင့်ဝေ၊ ခလရ ၂၇၅ မှ တပ်သားငြိမ်းချမ်းတို့က လက်နက်ကိုင်ဆောင်ပြီး ကမ္ဘာရှားဆိုင်ကယ်ပြင်ဆိုင် ဆိုင်ရှင်ဖြစ်သူ ဦးမျိုးနောင်ထံ ဆိုင်ကယ်ငှားရမ်းရာမှာ မရတဲ့အတွက် ယူဆောင်လာတဲ့ လက်နက်တွေနဲ့ နေအိမ် ၂ လုံးကို ပစ်ခတ်ခဲ့လို့ သေဆုံးဒဏ်ရာ ရရှိခဲ့ကြတာပါ။

စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး စိုးမိုးကျော် ဦးစီးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းရှာဖွေရာ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တဲ့ ခမရ ၃၃၉ မှ တပ်သားမြင့်ဝေကို ညနေ ၅ နာရီလောက်က အနန်းကွင်းကျေးရွာအနီးမှာ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တပ်သား ငြိမ်းချမ်းကို ည ၈ နာရီလောက် အနန်းကွင်းကျေးရွာအထွက် ဘုန်းကြီးကျောင်းမှာ လက်နက်မပါ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တပ်သား မြင့်ဝေနဲ့ ငြိမ်းချမ်းတို့ကို စစ်မေးရာ လက်နက်ခဲယမ်းတွေ ရာဘာခြံအတွင်း ၀ှက်ထားခဲ့ကြောင်း ထွက်ဆိုခဲ့တဲ့အတွက် ပြန်လည်ရှာဖွေသိမ်းဆည်း ရမိခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တို့ စိစစ်စဲ” ဖြစ်ကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ မြို့နယ်စည်းရုံးရေးမှူး ဦးစောအာနီက “ဒီကိစ္စ လက်သည်ပေါ်သွားပြီဆိုလို့ရှိရင် သက်ဆိုင်ရာဌာနက အရေးယူရမှာပေါ့။ ဒီဥစ္စာက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။ ကျနော်တို့ အဖွဲ့အစည်းဆိုရင် တိတိကျကျအရေးယူတယ်” လို့ ပြောပါတယ်။

အခုလို ပစ်ခတ်မှုကြောင့် ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့တဲ့ ဆိုင်ရှင်ဦးမျိုးနောင်ရဲ့ဇနီး မမိပိုဟာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013