DVB Logo
Home
မြန်မာသတင်း
တီကျစ် ကျောက်မီးသွေး စက်ရုံနှင့် ကျောက်မီးသွေးမိုင်း ပိတ်သိမ်းပေးရန် ဆန္ဒပြ
DVB
·
April 6, 2019
တီကျစ် ကျောက်မီးသွေး စက်ရုံနှင့် ကျောက်မီးသွေးမိုင်း ပိတ်သိမ်းပေးရန် ဆန္ဒပြ
Donate to DVB

တီကျစ် ကျောက်မီးသွေး စက်ရုံနဲ့ ကျောက်မီးသွေးမိုင်းတို့ ပိတ်သိမ်းပေးဖို့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသမှာ ရှိတဲ့ ကျောက်မီးသွေး စက်ရုံနဲ့ ကျောက်မီးသွေးမိုင်းတွင်းကနေ မီးခိုးပြာတွေ အနံဆိုးတွေဟာ စက်ရုံစတင်တည်ထောင်ကတည်းက ထွက်ရှိပြီး ဒေသခံတွေကို ဆိုးကျိုးသက်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုနှစ်ပေါင်းများစွာ ဆိုးကျိုးသက်ရောက်တာတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံ ပြည်သူလူထု ၅၀၀ လောက် စုပေါင်းပြီး ဒီနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော် ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ပွဲမှာ အဆိပ်သင့် စက်ရုံ ရပ်တန့်ရေး၊ ဝူရှီးကွာဟမ်း ကုမ္ပဏီ အလိုမရှိ၊ ဧဒင် ကျောက်မီးသွေးမိုင်း ပိတ်သိမ်းရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ကျောက်မီးသွေးမိုင်းနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံက ထွက်ရှိတဲ့ အမှုန့်နဲ့ အခိုး အငွေ့တွေဟာ  သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် အဆပေါင်းများစွာ ကျော်လွန်ပြီ်း စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တီကျစ်ကျေးရွာနေ စိုင်းသန်းဝင်းက ပြောပါတယ်။

တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကနေ ထွက်ရှိလာတဲ့ ပြာတွေကြောင့် အဲဒီဒေသမှာ ကိုယ်ဝန်ပျက်ကျမှုနှုန်း မြင့်မားစေနိုင်သလို ကလေးငယ်တွေအပေါ်လည်း သက်ရောက်မှု ရှိတယ်လို့ လေ့လာခဲ့တဲ့ MATA အဖွဲ့မှ ဦးအောင်ကျော်မိုးက ပြောပါတယ်။

စစ်အစိုးရခေတ် ၂၀၀၄ ခုနှစ်က စတင်ပြီး တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးမိုင်းကို စတင် အကောင်အထည်ဖော်ခဲ့ကြတာပါ။

လက်ရှိ အချိန်မှာတော့ တရုတ်အစိုးရ နောက်ကွယ်မှာ ရှိနေတဲ့ ဝူရှီးကွာဟမ်း ကုမ္ပဏီက ၂၂ နှစ်စာ ငှားရမ်း စာချုပ်ချုပ်ဆိုပြီး ဓာတ်အားပေးစက်ရုံကို လည်ပတ်နေပါတယ်။  ဧဒင်ကုမ္ပဏီကလည်း မိုင်းတွင်းကို ထပ်မံ တိုးချဲ့ တူးဖော်ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒေသခံတွေကတော့ တီကျစ် ကျောက်မီးသွေး မိုင်းနဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ ကျန်းမာရေး၊ လူမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အတွက် မကြာခဏ ကန့်ကွက်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013