DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 6, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၇၃၃၀၀ ပေါက်ဈေးရှိပြီး ၇၀၀ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ (သစ်) တအိတ်ကို ၇၀၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်မှာ ၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ၀င် တအိတ်ကို ၈၀၉၀၀ ပေါက်ဈေးရှိပြီး ၁၆၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်မှာ ၆၁၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိဿာကို ၃၅၀ ကနေ ၈၅၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိဿာကို ၁၀၀ ကနေ ၃၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နှင့်မြင်းခြံကုန်စည်ဒိုင်မှာ ၅၅၀ ကျပ် ဈေး ကွာခြားမှုရှိပါတယ်။

ပဲနီပြား

မန္တလေးကုန်စည်ဒိုင်မှာ ပဲနီပြားက ၅၅.၂၅ ပိဿာဝင်တအိတ်ကို ၇၅၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ပဲနီပြားတအိတ်ကို ၇၁၈၀၀ ကနေ ၈၀၁၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနှင့်မြင်းခြံ ကုန်စည်ဒိုင်မှာ ၄၉၀၀ ကျပ် ဈေး ကွာခြားမှုရှိပါတယ်။

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင်တအိတ်ကို ၂၀၅၀၀ ကနေ ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စီပီပြောင်း တအိတ်က၂၁၈၀၀ ကနေ ၂၂၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနှင့်မြင်းခြံကုန်စည်ဒိုင်မှာ ၆၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁၆၄၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၆၇၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ မန္တလေးနှင့်မြင်းခြံကုန်စည်ဒိုင်မှာ ၃၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013