DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်သူ မြန်မာနိုင်ငံသား ၄၂ ဦး ဖမ်းဆီးခံရ
DVB
·
October 19, 2012
ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်သူ မြန်မာနိုင်ငံသား  ၄၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်ကနေတဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသခံ အာဏာပိုင်တွေက ဒီနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြသွားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပရပ်ကွက် အနောက်က ကြံတောထဲမှာ နိုင်ငံထဲ ခိုးဝင်သူလို့ ယူဆရတဲ့ လူတစု ဖြတ်ဝင်လာကြောင်း ကျေးရွာလုံခြုံရေးတပ်ဖွဲ့ကနေ မဲဆောက်မြို့နယ်မှူးဆီကို အကြောင်းကြားခဲ့တဲ့အတွက် နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ခိုးဝင်လာသူတွေဟာ တာ့ခရိုင် တဘက်ကမ်း မြ၀တီကနေ   တောတောင်တွေထဲ ခြေလျင်ဝင်လာပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ လူတဦးကို ဘတ်ငွေ ၁ သောင်းနဲ့ ပွဲစားက ခေါ်ခဲ့တာလို့ ထွက်ဆိုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013