DVB Logo
Home
မြန်မာသတင်း
မိုးညှင်း အိမ်ဆောက်ပစ္စည်းဆိုင် ၂ ဆိုင် ဖောက်ထွင်းခံရသည့် မြင်ကွင်းရုပ်သံ
DVB
·
April 6, 2019
မိုးညှင်း အိမ်ဆောက်ပစ္စည်းဆိုင် ၂ ဆိုင် ဖောက်ထွင်းခံရသည့် မြင်ကွင်းရုပ်သံ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့ ရပ်ကွက်တခုက အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ၂ ဆိုင် တညတည်း သိန်း၂၀၀ ကျော်ဖိုး ဖောက်ထွင်းခိုးယူခံရတယ်လို့ ရဲစခန်းက သိရပါတယ်။

မိုးညှင်းမြို့ အရှေ့စုရပ်ကွက် ၁ လမ်းနဲ့ ၂ လမ်းကြားနေ အိတ်ဇဲလင့် အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ၃ လမ်းပေါ်ရှိ စိန်အိမ်ဆောက်ပစ္စည်းဆိုင်တို့ဟာ ဧပြီ ၅ ရက်ညမှာ ဖောက်ထွင်းခိုးယူခံရတာကြောင့် ဆိုင်ရှင် ၂ ဦးလုံးက မိုးညှင်းရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

စိန်အိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဒေါ်ခင်စန်းဝင်းဟာ မနက်ဆိုင်တံခါးပွင့်နေတာမြင်လို့ စစ်ဆေးချိန်မှာ အလုပ်စားပွဲ အံဆွဲတွင်းက ငွေ ကျပ်သိန်း ၃၀ လောက် ပျောက်ဆုံးနေတာကြောင့် မိုးညှင်းရဲစခန်းကို တိုင်ကြားခဲ့တာပါ။

အလားတူ အိတ်ဇဲလင့်ဆိုင်ကလည်း မနက်ဆိုင်ဖွင့်ချိန် ရောင်းဖို့ထားတဲ့ ရေမော်တာ အလုံး ၂၀ လောက် ပျောက်ဆုံးနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး စစ်ဆေးရာမှာ ကလေးပုခက်ထဲ အဝတ်နဲ့ထုတ်ပြီးထည့်ထားတဲ့ ရွှေကျောက်ထည် လက်ဝတ်ရတနာမျိုးစုံ၊ လက်ကိုင်ဖုန်း၊ ငွေတွေအပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၇၈ သိန်းဖိုးလောက် ပျောက်ဆုံးသွားတာကြောင့် မိုးညှင်းရဲစခန်းကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

မိုးညှင်းရဲစခန်းက ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးရေးအတွက်  ဥပဒေပုဒ်မ ၃၈၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013