DVB Logo
Home
မြန်မာသတင်း
ရခိုင်ခိုလှုံရေးစခန်း ၁၀၀ ကျော်တွင် လူ ၂၆၀၀၀ ကျော် ရောက်ရှိခိုလှုံနေ
DVB
·
April 5, 2019
ရခိုင်ခိုလှုံရေးစခန်း ၁၀၀ ကျော်တွင် လူ ၂၆၀၀၀ ကျော် ရောက်ရှိခိုလှုံနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မြို့နယ် ၆ မြို့နယ်ရှိ ယာယီခိုလှုံရာစခန်း ၁၀၂ ခုမှာ လူဦးရေ ၂၆၀၀၀ ကျော် ရောက်ရှိခိုလှုံခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနရုံးသတင်းမှာ ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကနေ အခု ဧပြီ ၂ ရက်အတွင်း တိုက်ပွဲရှောင်အိမ်ထောင်စု ၆၀၀၀ ကျော်၊ လူဦးရေ ၂၆၀၀၀ ကျော် ရောက်ရှိ ခိုလှုံခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်သူတွေကို လတ်တလောစားဝတ်နေရေး ပြေလည်သက်သာစေဖို့  ကူညီပံ့ပိုးထားတယ်လို့ လူကယ်ပြန်သတင်းမှာ ဖော်ပြပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့ဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ တိုက်ပွဲရှောင်များထံ ကွင်းဆင်းတွေ့ဆုံပြီး ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ စောင်၊ ပလတ်စတစ်ဖျာတို့ကို ထောက်ပံ့ပေးအပ်ပါတယ်။

သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေတွေ ပံ့ပိုးပေးနေပြီး ဧပြီ ၂ ရက်အထိ  ကျပ်သိန်းပေါင်း ၄၀၀၀ လောက်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ထောက်ပံ့ကြေးငွေတွေ ပံ့ပို့ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါမြို့နယ်တွေအတွင်း နေထိုင်သူတွေ စားနပ်ရိက္ခာအခက်အခဲ ရှိကြောင်း သတင်းပို့လာပါက ထောက်ပံ့ပေးနိုင်ရေးအတွက်လည်း စီစဉ်ထားရှိပြီးဖြစ်ပါသည်။

ကြက်ခြေနီလှုပ်ရှားမှုအနေနဲ့ တိုက်ပွဲရှောင်တွေကို  စားနပ်ရိက္ခာအပြင် ကယ်ဆယ်ရေး ပစ္စည်းတွေဖြစ်တဲ့ တာပေါ်လင်စ၊ ခြင်ထောင်၊ အိပ်ယာ၊ ကျား/မလုံချည်၊ Family Kit၊ Hygiene Kit၊ Kitchen Set တွေ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ မင်းပြားမြို့နယ်က တိုက်ပွဲရှောင် နှစ်ထောင်ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ စားနပ်ရိက္ခာတွေကိုပါ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ လူကယ်ပြန်ဌာနသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013