DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 5, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၂၆၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၁၅၀၀ ကနေ ၇၂၅၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၉၃၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၅၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲထောပတ်

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိသာဝင်တအိတ်ကို ၁၁၂၅၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၉၇၀၀၀  ကနေ ၁၁၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိသာဝင်တအိတ်ကို ၇၉၅၀၀ ကနေ ၉၃၉၀၀ အထိ ပေါက်ဈေးရှိပြီး ၁၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၇၃၀၀၀ ကနေ ၉၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိသာ ၆၀ ဝင်တအိတ်ကို ၅၇၉၀၀ ကနေ ၆၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၂၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

မုန်လာဥနီ

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ မုန်လာဥနီက တပိသာကို ၁၃၀၀ ကနေ ၁၈၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိသာကို ၄၀၀ ပေါက်ဈေးရှိပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၁၄၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် တသိန်းခွဲ ဝယ်ယူမယ်ဆိုတဲ့အတွက် ဈေးက ရုတ်တရက်  မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်မှာ မည်သည့်အချိန်မှာ ဝယ်ယူသွားမယ်ဆိုတဲ့အချက် မပါရှိတဲ့အတွက် ဈေးဆက်ပြီးတက်နိုင်ချေ ရှိမရှိ စောင့်ကြည့်ဖို့ လိုအပ်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မေလမှာ ဝယ်ယူဖို့ ထုတ်ပြန်ခဲ့ပြီး ဇွန်လမှာ စတင်ဝယ်ယူခဲ့ပါတယ်။

မတ်ပဲက တပတ်အတွင်း တတန်ကို ငွေကျပ်တသိန်းနီးပါး ဈေးတက်လာခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ ပဲစင်းငုံနီဖြစ်ပါတယ်။ အိန္ဒိယက တန်ချိန်နှစ်သိန်း ဝယ်ယူဖို့ ကြေညာတဲ့အတွက် ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက်  မတ်ပဲလောက် အကျမကြမ်းတာကိုလည်း တွေ့ရပါတယ်။

ပဲစင်းငုံနီကတော့ တပတ်အတွင်း တတန်ကို ၁ သိန်းခွဲနီးပါး ဈေးတက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013