DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးသူများကို ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့ အခမဲ့လိုက်ပေး
DVB
·
April 5, 2019
ဆင်းရဲနွမ်းပါးသူများကို ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့ အခမဲ့လိုက်ပေး
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်းက ဆင်းရဲနွမ်းပါသူတွေကို တရားဥပဒေနဲ့အညီ အခမဲ့ရှေ့နေ လိုက်ပါဆောင်ရွက်ပေးသွားမယ်လို့ ဥပဒေဆိုင်ရာအထောက်အကူအဖွဲ့က ပြောပါတယ်။

ဆင်းရဲနွမ်းပါတဲ့ ပြည်သူတွေကို တရားဥပဒေနဲ့အညီ ရရှိရထိုက်တဲ့ အခွင့်အရေးတွေ ခံစားရရှိစေဖို့ တရားဥပဒေစိုးမိုးမှုအောက်မှာ တပြေးညီ ရှိစေဖို့၊ တရားမျှတမှုကို လက်လှမ်းမီရှိစေဖို့၊ ဥပဒေနဲ့အညီ ခုခံချေပနိုင်ခွင့်ရရှိစေဖို့ အခမဲ့ဝန်ဆောင်မှုပေးကာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က ပြောပါတယ်။

၄၈၀၀ ကျပ်နှုန်း ဝင်ငွေရရှိသူတွေကို လက်ရှိမှာ ဆင်းရဲနွမ်းပါသူတွေအဖြစ် သတ်မှတ်ထားတာကြောင့် တနေ့ဝင်ငွေ ၄၈၀၀ ကျပ်နှုန်းအောက်ရရှိသူတွေကို အခမဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်သလို ၄၈၀၀ ကျပ်နှုန်းအထက် ၀င်ငွေကျော်လွန်ပေမယ့် သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိပါက အမှုမှာ အခမဲ့ရှေ့နေလိုက်ပါဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

“ပြစ်မှုကျူးလွန်သူတွေ စွပ်စွဲခံရသူတွေမှာ ငွေကြေးချမ်းသာတဲ့သူတွေ ရှိပါတယ်။ ကိုယ်တိုင်ရှေ့နေရှေ့ရပ် ငှားရမ်းပြီး ခုခံချေပနိုင်တဲ့ အခွင့်အရေးရှိသူတွေကိုတော့ အခမဲ့ လိုက်ပါဆောင်ရွက်ပေးသွားမှာမဟုတ်ဘူး။"

သေဒဏ်ကျခံရမယ့် ပြစ်ဒဏ်မျိုးကလွဲပြီး အခြားပြစ်ဒဏ်ပြစ်မှုတွေကို အခမဲ့ဝန်ဆောင်ပေးသွားမှာပါ။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ဧပြီ ၄ ရက်နေ့က တိုင်းဥပဒေချုပ်အပါအဝင် ပြည်ထောင်စုအဆင့် ဥပဒေအထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥပဒေပညာရှင်တွေ၊ ဌာဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေ တွေ့ဆုံပွဲမှာ ပြောဆိုသွားတာပါ။

အဆိုပါ ဥပဒေအထောက်အကူအဖွဲ့ဟာ၂၀၁၆ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၀ အရ ပြဋ္ဌာန်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကစပြီး တိုင်းဒေသကြီး ၇ ခုနဲ့ မြို့နယ်တွေမှာ ရုံးခန်းတွေ ဖွင့်လှစ်ထားရှိကာ အမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013