DVB Logo
Home
မြန်မာသတင်း
ကားတိုက်သေဆုံးသည့် ရွှေ့ပြောင်းမြန်မာကျောင်းသူ လျော်ကြေးရရေး လုပ်ဆောင်မည်
DVB
·
October 19, 2012
ကားတိုက်သေဆုံးသည့် ရွှေ့ပြောင်းမြန်မာကျောင်းသူ လျော်ကြေးရရေး လုပ်ဆောင်မည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အသက် ၁၇ နှစ်အရွယ် မြန်မာကျောင်းသူတဦး ကားတိုက်ခံရပြီး သေဆုံးသွားတဲ့အမှု နစ်နာကြေး အပြည့်အ၀မရရတဲ့အတွက် ရသင့်ရထိုက်တဲ့ လျော်ကြေးငွေရရေး ဆောင်ရွက်သွားမယ်လို့ မြန်မာပြည်သားများ အရေး ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

မဲဆောက်မြို့ ကွယ်ကဘော ရွှေ့ပြောင်းမြန်မာကျောင်းမှာ ပညာသင်ယူနေတဲ့ ၁၀ တန်းကျောင်းသူ  နန်းဖောဃီးလာဟာ အခုလ ၁၆ ရက်နေ့ မနက်ပိုင်းက ကျောင်းကို စက်ဘီးနဲ့အသွား အာရှအဝေးပြေး လမ်းမပေါ်မှာ ထိုင်းလူမျိုးတဦး မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို ဥပဒေနဲ့အညီ  အရေးယူဖို့နဲ့ ရသင့်ရထိုက်တဲ့ လျော်ကြေးရအောင်  ဆောင်ရွက်သွားမယ်လို့ ကွယ်ကဘောကျောင်း ကျောင်းအုပ် ဆရာကြီး မန်းဗလစိန်က ပြောပါတယ်။

“မနေ့က ကောင်မလေးရဲ့ အစ်ကိုရယ်၊ ကျောင်းဆရာ ၂ ယောက်ရယ်၊ အဖိုးရယ်၊ အိုင်အာစီက ဥပဒေပညာရှင် ၁ ဦးရယ် စုသွားကြတယ်။ သူတို့ဘက်က ၂ သောင်းပေးမယ်တဲ့။ ၂ သောင်းက အသုဘပေးစရိတ်လား မေးလိုက်တော့ ကောင်မလေးရဲ့ အသက်ဖိုးတဲ့။ ၂ သောင်းကတော့ အသက်ဖိုးလုံးဝမဖြစ်နိုင်ဘူး။ ကောင်မလေးရဲ့အသက်ကိုလည်း အသပြာနဲ့ မဖြတ်ချင်ဘူး၊ ဖြတ်လဲမဖြတ်ဘူးလို့ ပြောလိုက်တယ်။ ကျနော်တို့ ဆက်ဆွေးနွေးတော့လည်း ဘာမှအကြောင်းမထူးဘူး။ ကျနော်တို့ကိုလည်း နို့တို့၊ အအေးတို့၊ ထမင်းတို့ ဘာမှလာမပေးနဲ့ လုံးဝမယူဘူး။ ကျနော်တို့ ရှိတဲ့အင်အားနဲ့ အသုဘပြီးအောင် ဆောင်ရွက်သွားမယ်။ အမှုကိုတော့ အမှန်တရားဖြစ်တဲ့အတိုင်း ဆောင်ရွက်သွားမယ်။”

နန်းဖောဃီးလာဟာ မြ၀တီမြို့နယ် ဝေါ်လေရွာမှာနေထိုင်ပြီး မိဘတွေက တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ နန်းဖောဃီးလာ သေဆုံးမှုနဲ့ပတ်သက်ပြီး အမေဖြစ်သူက ဒီကိစ္စကို အမှန်တရားအတိုင်း ဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ထိုင်းကပေးတဲ့ နစ်နာကြေး ဘတ် ၂ သောင်းကိုလည်း မိသားစုက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ထိုင်းနိုင်ငံတွင်း မည်သူမဆို ကားတိုက် သေဆုံးပါက ဥပဒေအရ အသုဘစရိတ် ၃ သောင်းခွဲနဲ့အထက် ခံစားခွင့်ရှိကြောင်းနဲ့ ကျန်တဲ့နစ်နာကြေးကတော့ တရားဥပဒေရ ဆုံးဖြတ်ရမှာလို့ ပြောပါတယ်။

မဲဆောက်မြို့မှာ အခုလို ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနဲ့ ကျောင်းသူ၊ ကျောင်းသား များစွာ ရှိခဲ့ပေမယ့် ခံစားခွင့် အကူအညီ နည်းပါးနေပြီး ဥပဒေနည်းလမ်းအရ ကျန်ရစ်သူ မိသားစုကို လျော်ကြေးငွေပေးဖို့ လိုအပ်နေသေးတယ်လို့ ဦမိုးကြိုးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013