DVB Logo
Home
မြန်မာသတင်း
ကျူးကျော်ပြဿနာ ဖြေရှင်းရန် အဖြေရှာမရသးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
April 5, 2019
ကျူးကျော်ပြဿနာ ဖြေရှင်းရန် အဖြေရှာမရသးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

အစိုးရမှာ ကျုးကျော်ပြသနာဖြေရှင်းဖို့  ခုချိန်အထိ သေသေချာချာ အဖြေရှာ မရသေးဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဧပြီ ၅ ရက်နေ့ မွန်ပြည်နယ်၊ သထုံမြို့က လူထုတွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်ပြီး  အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ကျုးကျော်တွေကို ချက်ခြင်းရှင်းလင်းဖို့ တတိုင်းပြည်လုံးကို ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။

“အရင်တုန်းကလုပ်ပြီးသား ကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဒါကတော့ အမှန်ပြောလို့ရှိရင် ကျမတို့ ခုထိတော့ သေသေချာချာ အဖြေရသေးတဲ့ကိစ္စ မဟုတ်ပါဘူး၊  တတိုင်းပြည်လုံးမှာဖြစ်နေတာပါ။ တခုတော့ ကျမ ပြည်နယ်အစိုးရကို သတိပေးပါရစေ၊ ကျုးကျော်များကို အသစ်ကျုးကျော်များကို လုံးဝ လက်မခံပါနဲ့၊ ကျုးကျော်တာနဲ့ ဒါကို ချက်ခြင်း အရေးယူရပါမယ်၊ ချက်ခြင်းအရေးယူရမယ်ဆိုတာ ဒါကျမတို့ တတိုင်းပြည်လုံးမှာ ဒီတိုင်းပဲ ညွှန်ကြားချက် ပေးထားပါတယ်။”

မွန်ပြည်နယ်၊ သိမ်ဇရပ်က ပြည်သူတဦးက သူတို့မြို့မှာ ကျုးကျော်ဆိုင်ခန်းတွေနဲ့ ပြည့်နှက်နေလို့ ဘယ်လို ရှင်းပေးမလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ကိုရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၅ ရက် မနက်က မော်လမြိုင်မှာ ပြုလုပ်ခဲ့တဲ့ ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း (၄၀.၄၈) မိုင်နှင့်၆၆/၃၃/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံကို  လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီနောက် မွန်ပြည်နယ်၊ သထုံမြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာပြီး မြို့နယ်ခန်းမမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013