DVB Logo
Home
မြန်မာသတင်း
ဆင်းရဲချမ်းသာ ကွာလွန်းလျှင် နိုင်ငံတည်ငြိမ်မှုနည်းဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
April 5, 2019
ဆင်းရဲချမ်းသာ ကွာလွန်းလျှင် နိုင်ငံတည်ငြိမ်မှုနည်းဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

ဆင်းရဲချမ်းသာ  ကွာခြားလေလေ နိုင်ငံတည်ငြိမ်မှု နည်းလေဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဧပြီ ၄ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

“ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံ အချို့မှာလည်း ဆင်းရဲမွဲတေမှု မလွတ်ကင်းပါဘူး၊ ဒါ့ကြောင့် ကျမတို့နိုင်ငံ တိုးတက်ရာမှာ ညီညီမျှမျှ ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ချမ်းသာမှုနဲ့  ဆင်းရဲမှု ကွာခြားလေလေ နိုင်ငံ တည်ငြိမ်မှု နည်းလေဖြစ်ပါတယ်။ ဒါ့ကြောင့် တနိုင်ငံလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဒါပေမယ့် မလွယ်ကူပါဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်တွေဟာ ဖွံ့ဖြိုးတိုးတက်မှုမှာ မတူညီကြပါဘူး။ တချို့တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်ဆန်ပေမယ့် တချို့နှေးကွေးနေပါသေးတယ်။”

ဒါ့အပြင် သူက “ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာမှာ နိုင်ငံဟာ ပြည်ထောင်စု နိုင်ငံဖြစ်တဲ့အတွက် စီးပွားရေးအတွက်သာမက နိုင်ငံရေးအတွက်လည်း ကြည့်ရတယ်။ အချို့ဒေသတွေမှာ စီးပွားရေးအရ အကျိုးအမြတ်မရှိပေမယ့်လည်း  လူမှုရေးအရ ပိုမိုအထောက်အကူပြုဖို့ လိုအပ်တဲ့အတွက် ဆောင်ရွက်ရတယ်၊ စီးပွားရေးအရ အကျိုးအမြတ်ရှိ ရေးအတွက်သာ လုပ်ဆောင်နေလို့ မရပါဘူး။ မွန်ပြည်နယ်ဟာ မွန်တိုင်းရင်းသားအများစု နေထိုင်တဲ့ အရပ်ဒေသဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်းအကြား ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နေ ထိုင်ကြတာကို တွေ့ရပါတယ်။ ဘယ် တိုင်းရင်းသားဖြစ်စေ ညီညီညွတ်ညွတ် နေထိုင်တာကို တွေ့လိုတယ်။ ဒီလို ညီညီညွတ်ညွတ်နေထိုင်တာ တွေ့မြင်ရတာဟာ တင့်တယ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲအပြီးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ ချောင်းဆုံပြည်သူ့ဆေးရုံတို့ကို သွားရောက်ပြီး လူနာတွေကို တွေ့ဆုံ အားပေးပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ချောင်းဆုံမြို့နယ် ရွာလွတ် ကျေးရွာကို ရောက်ရှိပြီး ရွာလွတ် ကျေးရွာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013