DVB Logo
Home
သတင်းတို
ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် သမ္မတအကြံပေးအဖွဲ့ မနက်ဖြန် ဆွေးနွေးမည်
DVB
·
October 19, 2012
ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် သမ္မတအကြံပေးအဖွဲ့ မနက်ဖြန် ဆွေးနွေးမည်
Donate to DVB

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ နဲ့  သမ္မတအကြံပေးအဖွဲ့တို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ မနက် ၉ နာရီ နေပြည်တော်မှာရှိတဲ့ သမ္မတအကြံပေးအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတွေအနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကိစ္စနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခက်ခဲ အကျပ်အတည်းတွေကို ရှင်းပြဖို့ ရှိတယ်လို့  မဟာမိတ်ပါတီဝင်ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

မဟာမိတ် ၁၀ ပါတီမှာပါဝင်တဲ့ တိုင်းရင်းသားပါတီတွေကတော့ သူတို့ ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ အကျပ်အတည်းတွေ ပဋိပက္ခတွေ ဆွေးနွေးတင်ပြကြမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဦးဦးလှစောက ပြောပါတယ်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013