DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့နယ်ရှိ ရှေးဟောင်းစေတီကို  အဆိုတော်ထူးအယ်လင်း ဦးဆောင် ပြုပြင်
DVB
·
April 4, 2019
မြိတ်မြို့နယ်ရှိ ရှေးဟောင်းစေတီကို  အဆိုတော်ထူးအယ်လင်း ဦးဆောင် ပြုပြင်
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုရားကုန်းရွာမှာ ရှေးနှစ်ပေါင်း ၄၀၀ ကတည်းက တည်ရှိခဲ့ပြီး ယခုအခါ ပြိုပျက်နေပြီဖြစ်တဲ့  ရှေးဟောင်းစေတီတဆူကို အဆိုတော်ထူးအယ်လင်း ဦးဆောင်ပြီး ပြန်လည်ပြုပြင် မွမ်းမံနေပါတယ်။

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းရွာတွင်တည်ရှိတဲ့ ရှေးဟောင်းစေတီတော် ကို ဧပြီ ၃ ရက်နေ့က အဆိုတော် ထူးအယ်လင်းနဲ့ Mergui Riders အဖွဲသားတွေက ဆိုင်ကယ်တွေနဲ့ သွားရောက်ခဲ့ပါတယ်။

အဆိုတော်ထူးအယ်လင်းက "ရန်ကုန်က အစ်မတစ်ယောက်က ဒီရွာမှာရှိတဲ့ အလုပ်သမားလေးရဲ့ အဖေအတွက် အမှုလိုက်ပေးရင်း ရွာမှာ ရှေးဟောင်းဘုရား တဆူရှိတယ်။ ပြန်လည် ပြုပြင်ချင်တယ်ဘုရားက ပြိုပျက်နေပြီလို့ ပြောတယ်။ ကျနော်လည်း စိတ်ဝင်စားသွားတယ်။ ဒါကြောင့် ကျနော်တို့ဒီဘက်ကို ရောက်လာတာပါ။ ဘုရားရဲ့အမြင့်ကိုပေ ၇၀ တည်ထားမယ်။ ပတ်လည် ပေ ၃၀ လောက်အုတ်နဲ့ ပြန်ပြုပြင်မယ်။ ဒီဘုရားက ကျနော်သိရလောက် နှစ်ပေါင်း ၄၄၆ နှစ်ရှိပြီ။ အထောက်အထားတွေ ကျနော့်ဆီမှာလည်း ရှိပါတယ်။ ရန်ကုန်ကအစ်မက ကျပ်သိန်း ၅၀ ကျနော်တို့က  ၁၅ သိန်း မတည် တာပေါ့။ ကုန်ကျမယ့် ဘတ်ဂျက်ကျပ်သိန်း ၁၂၀ ကျော်ကျော်ရှိပါလိမ့်မယ်။ ရှေးဟောင်းအုတ်တွေ၊ အနီးအနားမှာရှိတဲ့ ရှေးဟောင်းအထောက်အထားတွေ အားလုံးစေတီအထဲမှာ ဌာပနာပါ့မယ်”” လို့ ပြောပါတယ်။

အဆိုပါ ရှေးစေတီတော်နဲ့အတူ ဘုရားကုန်းရွာမှာ သိမ်တခုလည်းရှိပြီး ရှေးဟောင်းဘုရားတွေကို ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ရှေးဟောင်းစေတီတော် ပြန်လည်ပြုပြင်မွမ်းမံရာမှာ ခုနှစ်ရက်သားသမီးတွေ ပါဝင်လှူဒါန်းကြပါဖို့ အဆိုတော်ထူးအယ်လင်းနဲ့ ဆိုင်ကယ်ချစ်သူတွေက နိုးဆော်ထားပါတယ်။

အဆိုတော်ထူးအယ်လင်းအနေနဲ့ တံတားတွေဆောက်လုပ်တာ၊ မိဘမဲ့ကလေးတွေကို ကူညီထောက်ပံ့တာစတဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မြန်မာပြည်အရပ်ရပ်ရှိ ဆိုင်ကယ် ချစ်သူတွေကို မက်ဆေ့ပို့ကာ ဆက်သွယ် ဆောင်ရွက်နေတယ်လို့  သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013