Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အား ၅.၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
April 4, 2019
56157778_1267638966724512_7605713845092352000_n
မြန်မာ-အိန္ဒိယ နယ်စပ်မှာ ဒီနေ့ မွန်းလွဲပိုင်းက အင်အား ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဧပြီလ ၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၁၅ မိနစ်၊ ၂၇ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ မြောက်ဘက် ၈၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာ-အိန္ဒိယနယ်စပ် မြောက်လတ္တီတွဒ် ၂၅.၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၄) အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တခု  လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024