DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကို အကြည်ညိုပျက်စေမှုဖြင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုဖွင့်
DVB
·
April 4, 2019
တပ်မတော်ကို အကြည်ညိုပျက်စေမှုဖြင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုဖွင့်
1 / 4
Donate to DVB

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှုနဲ့  ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးမှာ ဧပြီလ ၃ရက်က အမှုဖွင့်တရားစွဲဆိုထားတယ်လို့ တိုက်ကြီး မြို့နယ်တရားရုံးက အတည်ပြုပြောပါတယ်။

တိုက်ကြီးမြို့နယ်တရားသူကြီး ဦးစိုးထွန်းက" ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်က တိုက်ကြီးမြို့ အမှတ်(၁)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုဗိုလ်မှူးကြီးတိုးလွင်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် တရားရုံး ရာဇသတ်ကြီးအမှုအမှတ် ၇၀၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)/(ခ) နဲ့  အမှုဖွင့်ထားပြီး ဧပြီလ ၁၉ ရက်နေ့မှာ စတင်ရုံးတင်စစ်ဆေးမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကတော့ သူ့ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတယ်ဆိုတာ သိရပေမယ့် တရားဝင် အကြောင်းကြားစာတော့ မရသေးဘူးလို့ ပြောပါတယ်။

“အဖျောက်မြို့မှာ ပြောတာကို စွဲတယ်လို့ပြောတယ်။ ပုဒ်မ ၅၀၅ (က) လို့ ပြောတယ်။ ပြောတယ်ဆိုတာ ကြားလူပြောတာပါ။ ကျနော်လည်း သေချာမသိပါဘူး။ အသေးစိတ်တော့ ကျနော်မသိသေးဘူး။ ဘာမှ တရားဝင်အကြောင်းမကြားသေးဘူး။”

ဧပြီ ၁ ရက်က အဖျောက်မြို့မှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ကိုနေရဲ(ခ)ကိုနန္နအောင်တို့က၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သတ်ပြီးပြည်သူတွေကို ဟောပြောခဲ့ပါတယ်။

ဦးနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ဟောပြောခဲ့တာ ဖြစ်တဲ့အတွက် အခုလို တရားစွဲခံရတာဖြစ်ပြီး တရားစွဲဆိုတာ မှန်ကန်ရင်တော့ တရားရင်ဆိုင်သွားမယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

“တရားရင်ဆိုင်သွားမယ်။ ကျနော်တို့က ရှောင်လွှဲနေမှာမဟုတ်ဘူး။ ကိုယ်တွေလိုလားတဲ့ တရားမျှတမှု တရားဝင်ပေါ်ပေါက်လာဖို့ ကျနော်တို့တွေမျှော်လင့်တဲ့ ပြည်သူဖြစ်တဲ့ တပ်မတော်တရပ် ပေါ်ပေါက်လာဖို့ ကျနော်ပြောခဲ့ဆိုခဲ့တာအကုန်လုံးက တပ်မတော်က ကျင့်ဝတ်တွေ မညီလို့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာနဲ့ ပြည်သူတွေကို အနိုင်ကျင့်ထားလို့ ဒါတွေကို ဖယ်ရှားပြင်ဆင်ပေးရင် ပြည်သူချစ်တဲ့တပ်မတော်ဖြစ်လာမယ်။ ဒါပဲတောက်လျှောက် ကျနော်က ပြောလာတာပဲလေ။ ကျန်တာ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီး ဘာမှ ကျနော်ပြောတာမရှိဘူး။ ”

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဟာ အာမခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီး အမြင်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ အနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း- မေသွယ်၊ နော်နိုရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013