DVB Logo
Home
မြန်မာသတင်း
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ တရားခံပြသက်သေအဖြစ် ထွက်ဆို
DVB
·
April 4, 2019
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ တရားခံပြသက်သေအဖြစ် ထွက်ဆို
Donate to DVB

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF မြောက်ပိုင်း) ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦး အပါအ၀င် ၃ဦးအမှုကို  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ဆက်လက် ရုံးထုတ်စစ်ဆေးနေပါတယ်။

ကိုအောင်ဆွေဦးတို့ကို မိုးညှင်းတရားရုံးမှာ ၄ ရက်ဆက်တိုက်ရုံးထုတ်ပြီး ဧပြီ ၄ ရက်နေ့ မှာတော့ ABSD  ဥက္ကဋ္ဌ ရဲဘော်သံခဲအပါ ၃ ဦးကို တရားခံပြသက်သေအဖြစ် စတင်စစ်ဆေး ထွက်ဆိုမှာဖြစ်တယ်။ ဒါပြီးရင် အပြစ်ပေးသင့်မပေးသင့် လျှောက်လဲချက်ပေးကြမယ်လို့  ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။

တရားလိုပြသက်သေ ၁၁ ဦးစစ်ဆေးပြီးစီးသွားပြီး တရားခံပြသက်သေ ၃ ဦးကို ဒီနေ့ စတင်စစ်ဆေးတာဖြစ်တယ်လို့ လည်း ရှေ့နေက ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အခုအကြိမ်ဟာ ၁၆ ကြိမ်မြောက်ရုံးထုတ်တာဖြစ်ပြီး ချုပ်ရက် စုစုပေါင်း ၄ လ ကြာမြင့် ပြီဖြစ်ပါတယ်။

ကိုအောင်ဆွေဦးအပါအ၀င် ABSDF အဖွဲ့ဝင် ၃ ဦးကို ၂၀၁၈  နိုဝင်ဘာလ ၃၀ ရက်ညက မိုးညှင်းမြို့ခံ ရဲဘော်တဦးရဲ့ နာရေးကို လာရောက်စဉ်  အဖမ်းခံရတာ ဖြစ်ပါတယ်။

သတင်း-မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013