DVB Logo
Home
မြန်မာသတင်း
အေအေအဖွဲ့ဝင် ၃ ဦး၊ အေအေနှင့်ဆက်သွယ်သည့် သံဃာ ၂ ပါးကို ဖမ်းဆီးအရေးယူ
DVB
·
April 4, 2019
အေအေအဖွဲ့ဝင် ၃ ဦး၊ အေအေနှင့်ဆက်သွယ်သည့် သံဃာ ၂ ပါးကို ဖမ်းဆီးအရေးယူ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်ဇောက်ကျေးရွာမှာ အေအေ ရခိုင်လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦးနဲ့  အေအေနဲ့ ဆက်သွယ်ခဲ့တဲ့ သံဃာ ၂ ပါးကို ဖမ်းဆီးရမိ အရေးယူထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ကန်ဇောက်ရွာနားမှာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့  တပ်မတော်စစ်ကြောင်းက ဧပြီ ၁ ရက်ည ၉ နာရီလောက်က စစ်တွေဘက်ကနေ ကျောက်တော် ဘက်ကို မောင်းနှင်လာတဲ့  ကားတစီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှာ လက်ပြန်ကြိုး တုပ်ခံထားရတဲ့ မသင်္ကာဖွယ်တဦးအား တွေ့ရှိလို့ စစ်ဆေးစဉ် အေအေအဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာပါ။

လက်ပြန်ကြိုး တုပ်ထားခံရသူဟာ အေအေအဖွဲ့ထံကနေ ထွက်ပြေးလာတဲ့ ပုဏ္ဏားကျွန်းမြို့နယ်­၊ ပေါက်တောကျေးရွာနေ ကိုမြထွန်းဖြစ်ပြီး ကားကတော့ ပုဏ္ဏာကျွန်းမြို့၊ သီရိမဇ္ဇူ ကျောင်းတိုက်က ဆရာတော် ဦးသုဝနက  မောင်းနှင်လာတာလို့ ဆိုပါတယ်။

ယာဉ်ပေါ်မှာ မြောက်ဦးမြို့၊ ဂန္ဓမာတောင်ကျောင်းတို­က်နေ ဦးဥာဏ၊ အေအေအဖွဲ့ဝင် သိန်းဟန်နဲ့ အေအေအဖွဲ့ထဲဝင်ဖို့လိုက်ပါလာတဲ့ ပုဏ္ဏားကျွန်းမြို့နေ ကျော်ဆန်း တို့ လိုက်ပါလာတယ်လို့ ဆိုပါတယ်။

အဆိုပါသံဃာ ၂ ပါးဟာ အေအေအဖွဲ့နဲ့ ဆက်သွယ်မှုတွေ ရှိကြောင်း စစ်ဆေး တွေ့ရှိရလို့ စစ်တွေမြို့နယ်သံဃနာယက တောင်ရွှေရာကျောင်းတို­က် ဆရာတော် ဘဒ္ဒန္တ ဓမ္မိက ထံ အပ်နှံပြီး သာသနာ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ သိက္ခာချ လူဝတ်လဲစေခဲ့ပြီး ကျန်သူတွေနဲ့အတူ တရားဥပဒေအရ အရေးယူဖို့ လုပ်နေတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013