DVB Logo
Home
မြန်မာသတင်း
ပြည့်တန်ဆာအဖြစ်ခိုင်းစေခံရသည့် ၁၈ နှစ်အောက် မြန်မာမိန်းကလေးများကို ကယ်ထုတ်
DVB
·
April 4, 2019
ပြည့်တန်ဆာအဖြစ်ခိုင်းစေခံရသည့် ၁၈ နှစ်အောက် မြန်မာမိန်းကလေးများကို ကယ်ထုတ်
1 / 2
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ဖန်းမြို့နယ်ထဲမှာ ပြည့်တန်ဆာအဖြစ်ခိုင်းစေခံနေရတဲ့ အသက် ၁၈ နှစ်အောက် မြန်မာမိန်းကလေး ၃ ဦးကို လူကုန်ကူးခံရသူ အမျိုးသမီးနဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုက သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖန်းမြို့နယ် ချင်းရိုင်း-ဖယောင်းသွား ကားလမ်းမကြီးပေါ်ရှိ ဆောဝ်ဖန်း ကာရာ အိုကေဆိုင်မှာ မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ်ခိုင်းစေနေကြောင်း တိုင်ကြားချက်ရ ညရှိတဲ့အတွက်  မှန်ကန်မှု ရှိမရှိ တလလောက် စုံစမ်းပြီး ဧပြီ ၂ ရက် ည ၉ နာရီလောက်က အဆိုပါနေရာကို ပြည်ထဲရေးဌာနတာဝန်ရှိသူတွေနဲ့အတူ သွားရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ လူကုန်ကူးခံရသူ အမျိုးသမီး နှင့် ကလေးသူငယ်များ အခွင့်အရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ နိုင်းရွန်း ဆစ် ဖရိုတ်ဆာယာချီဝက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေရာမှာ ၂ ဧကကျော်ကျယ်ဝန်းတဲ့  ခြံဝင်းကြီးထဲမှာရှိပြီး အလယ်ကတိုက်ခန်းတွဲနဲ့ ဘေးမှာ အဆောင်တွေရှိကြောင်း၊ တိုက်ခန်း ၃ ခန်းတွဲကို ကာရာအိုကေဆိုင်အဖြစ် ဖွင့်လှစ်ထားပြီး  မိန်းကလေး ၁၅ ယောက်လောက်က ၀န်ဆောင်မှုပေးနေကာ အဲဒီထဲမှာ အသက် ၁၇ နှစ်ရွယ် မြန်မာမိန်းကလေး ၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ အဆိုပါမိန်းကလေးတွေဟာ ဧည့်သည်အမျိုးသားတွေကို နေ့စည် ည ၈ နာရီမှ မနက် ၂ နာရီထိ စိတ်ကြိုက်ဝန်ဆောင်မှုပေးရကြောင်း၊ အဖိုးအခအနေနဲ့ တညကို ဘတ် ၁၁၀၀ ရပြီး ပြည့်တန်ဆာခေါင်းကို ဘတ် ၃၀၀၊ အခန်းငှားခ ဘတ် ၁၀၀ ပေးရကာ ကျန်တဲ့ ဘတ် ၇၀၀ ကိုတော့ အလုပ်ရှင်ဆီမှာ အပ်ထားရတယ်လို့ ဆိုပါတယ်။

ဧည့်သည်က အပြင်ကိုခေါ်ထုတ်သွားရင်တော့ တည ဘတ် ၂၅၀၀ ရပြီး ပြည့်တန်ဆာ ခေါင်းကို ဘတ် ၅၀၀ ပြန်ပေးရကြောင်း  ကျန်တဲ့ငွေတွေကိုလည်း အလုပ်ရှင်ဆီမှာဘဲ အပ်ထားရ ကြောင်း၊ အဲဒီကနေထွက်ပြေးရင် ရစရာရှိတဲ့ငွေတွေ ရှုံးမှာစိုးလို့ သည်းခံပြီးဆက်နေနေတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ကာရာအိုကေဆိုင်ပိုင်ရှင် အသက် ၄၆ နှစ်ရွယ်ရှိ နိုင်းဆူထတ် ထစ်ဆနန်ကို ခေါ်ယူထိန်းသိမ်းထားကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ မိန်းကလေးတွေကိုလည်း ဆေးရုံက ဆေးစစ်နေကြောင်း၊  ဆေးစစ်ချက်အရ မိန်းကလေးေ တွဟာ အသက် ၁၈ နှစ်မပြည့်ကြောင်း အတည်ပြုပြီးရင် နိုင်းဆူထတ်ဟာ လူကုန်ကူးမှုနဲ့ အရေး ယူခံရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါကာရာအိုကေဆိုင်မှာ ရဲနဲ့ လုံခြုံရေး ၁၀ ဖွဲ့လောက်ကို ၁ လ ဘတ် ၂ သောင်းလောက် လိုင်းကြေးသွင်းထားတဲ့ အထောက်အထားတွေလည်း တွေရှိရတဲ့အတွက် အဆိုပါ ၀န်ထမ်းတွေကို ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား -  https://www.thairath.co.th/content/1535901?fbclid=IwAR2Alf-RnfDc-3autM6d40g7ael9Zy1e0t5sxc8HeuYLLGBN6X-ujBPdru4https://www.thairath.co.th/content/1535901?fbclid=IwAR2Alf-RnfDc-3autM6d40g7ael9Zy1e0t5sxc8HeuYLLGBN6X-ujBPdru4

ဓာတ်ပုံ- Nation multimedia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013