DVB Logo
Home
မြန်မာသတင်း
မနောရဲ့ သင်္ကြန်သီချင်းသစ်-ထိရုံကောင်မလေး(ရုပ်သံ)
DVB
·
April 4, 2019
မနောရဲ့ သင်္ကြန်သီချင်းသစ်-ထိရုံကောင်မလေး(ရုပ်သံ)
Donate to DVB

    “အရပ်က ၅ ပေ ၆ ကြွကြွရွရွ လမ်းတွေလျှောက်… ခြောက်ပစ်ကင်းတဲ့ သူလေးတ ယောက်… ဆံပင်ရှည်တွေ ဖြန့်ထားပုံများ… မြင်လိုက်တော့ အသည်းတွေယား”

    ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင်မနောရဲ့ ထိရုံကောင်မလေး အမည်ရတဲ့ သင်္ကြန်သီချင်းသစ်ထဲက စာသားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာ တော့ နာမည်ကြီးနေ ခဲ့တာ ဖြစ်ပါတယ်။

    ဒီသီချင်းကိုတော့ တေးရေးဆရာ သဟာအောင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး မ နောက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြန်လည် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

    “ဒီသီချင်းလေးက ကျနော် မောင်မနော ဆိုထားတာ တေးရေး သဟာအောင် ရေးထား တယ်… * ထိရုံလေးကောင်မလေး * တဲ့ဗျားး… ဘော်ဒါတို့က အားပေးဦး အားပေးဦး ဟဲဟဲ😍🤪”

    နာမည်ကြီး ဗိုလ်အောင်ဒင်သီချင်းနဲ့ လူသိများထင်ရှားလာပြီး အောင်မြင်ခဲ့တဲ့ တေးသံရှင် မနောရဲ့ မိချောသင်္ကြန်သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တာမို့ ခု ထွက်လာတဲ့ မြူးမြူးကြွကြွ သင်္ကြန်သီချင်းကိုရော ပရိသတ်တွေ အားပေးလက်ခံကြမ လားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

“အချိုးအစားကျန လှတယ်ဟေ့… ၀တ်လို့ထားတာ ပါတိတ်… ကြည့်လို့မ၀တဲ့ ဂစ် တာရှိတ်… ငါ့စိတ်တွေ ခုန်နေတဒိတ်ဒိတ်… အနားကိုတိုး ကပ်လို့များ… ကြောက်နေလား … မရှက်ပါနဲ့ ခက်တာပဲ… ကြည့်ရုံလေး… ထိရုံလေး… ရေလောင်းပါရစေ ကောင်မလေး … ရေလောင်းပါရစေ ကောင်မလေး”

မြူးကြွတဲ့ သံစဉ်စည်းချက်တွေနဲ့ မနောကိုယ်တိုင်သီဆိုသရုပ်ဆောင်ထားတဲ့ ဒီသီ ချင်းရုပ်သံဗွီဒီယိုကိုတော့ ဒါရိုက်တာ ထွန်းထွန်းမောင်၊ ရွှေခဲတို့က ရိုက်ကူးပေးထားတာ ဖြစ်ပြီး နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သောင်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013