DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ကျင်းပမည်
DVB
·
October 19, 2012
ကေအန်ယူ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ကျင်းပမည်
Donate to DVB

ကေအန်ယူ ခေါင်းဆောင်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး ဆွေးနွေးဖို့ရှိတယ်လို့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

ဒီအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်နေ့မှာ   ကေအန်ယူထိန်းချုပ်ရာ တပ်မဟာ ၇ နယ်မြေအတွင်း ကျင်းပမှာဖြစ်ပြီး အစည်းအဝေးမှာ အဓိကထား ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအမြဲတမ်း ကော်မတီဝင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ခုလို ပြောပါတယ်။

“အဓိကက ကေအန်ယူထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးအရ အမြင်မတူမှုတွေကို ညီညွတ်ရေးအတွက် ရှေးရှုပြီးတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု လုပ်မှာဖြစ်ပါတယ်။”

ဒါ့အပြင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအ၀င် အဖွဲ့ဝင် ၃၀ လောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဘားအံမှာ ဆက်ဆံရေးရုံးဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ရှိသလို၊ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗိုလ်မှူး ရောဂျာခင် နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပဒိုဒေးဗစ်ထောတို့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013