DVB Logo
Home
မြန်မာသတင်း
ကျွန်းစုရေပြင်၌ ကင်းမွန်မီးထွန်းလှေလုပ်သား ၁ဦး ဓာတ်လိုက်သေဆုံး
DVB
·
April 3, 2019
ကျွန်းစုရေပြင်၌ ကင်းမွန်မီးထွန်းလှေလုပ်သား ၁ဦး ဓာတ်လိုက်သေဆုံး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုရေပြင်မှာ ဧပြီ ၂ ရက် မနက် ၄ နာရီလောက်က ကင်းမွန်မီးထွန်းလှေပေါ်မှာ ဝါယာရှော့ဖြစ်ပြီး လှေသားတဦး ဓာတ်လိုက်သေဆုံးသွားပါတယ်။

ကျွန်းစုမြို့နယ်အပိုင် ပိန္နဲကျွန်းအနောက်မြောက်ဘက်မှာ အဏ္ဏဝါမိုး - ၁၁ အမည်ရှိ ကင်းမွန်မီးထွန်းလှေဟာ လှေသား ၁၂ ဦးနဲ့ လျှက်စစ်မီးထွန်းပြီး ကင်းမွန်တွေကို ပိုက်ချဖမ်းနေစဉ် ရုတ်တရက် ၀ါယာရှော့ဖြစ်ပြီး စတီးပိုက်ကို မှီကာ ပိုက်ဆွဲတင်နေတဲ့ လှေသားရဲဝင်းကို (၂၃ နှစ်) ဓာတ်လိုက်သေဆုံးသွားခဲ့တာပါ။

မြို့မရဲစခန်းတာဝန်ရှိသူတဦးက "ကင်းမွန်ဖမ်းပြီး ပိုက်ကိုလှေပေါ်ဆွဲတင်နေတဲ့အချိန်မှာ လှေပေါင်းမိုးပေါ်က ဝါယာကြိုးတန်းမှာ မီးထပွင့်ပြီး ခွမ်းစက်တာဝန်ယူထားတဲ့ ရဲဝင်းကို ဓာတ်လိုက်ပြီး သတိလစ်ငြီးငြူနေတယ်။ ပဲ့နင်းက ဆေးရုံတင်ပို့ဖို့ မြိတ်ကိုပြန်လာပေမယ့် လူနာက ရရှိဒဏ်ရာနဲ့လမ်းမှာ သေဆုံး သွားတယ်"လို့ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကို စစ်ဆေးရာ နှာခေါင်းမှာ သွေးတွေထွက်နေပြီး ယာဘက်လက်ဖျံ၊ လက်မောင်းတို့မှာ ညိုမဲဒဏ်ရာနဲ့ လက်သည်းခြေသည်းတွေ ညိုမဲနေတာကို တွေ့ရတာကြောင့် မြိတ်မြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့်ထားပါတယ်။

သတင်း- မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013